ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်တစ်ယောက်ဖြစ်ဖို့
Fashion 5:55 AM

ကြည်လင်တောက်ပနေတဲ့ အသားအရေပိုင်ရှင်တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုရင် ကိုယ့်အသားအရည်ကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်လဲဆိုတာနဲ့ ဆိုင်ပါလိမ့်မယ်။ ဒီတော့ကိုယ်နဲ့လိုက်ဖက်တဲ့ skin care တွေမဝယ်ခင်မှာ ကိုယ့်အသားအရေက ဘယ်လိုအနေအထားရှိလဲ ဘယ်လိုမျိုးထိန်းသိမ်းမှုတွေ လုပ်သင့်လဲဆိုတာ သိထားဖို့က အရေးကြီးဆုံးပါ။
လူ့ရဲ့အသားအရည်ဟာ Ph 5.5 ရှိပြီး mild acid
အမျိုးအစားဖြစ်တယ်။ ဒီတော့ ကိုယ်သုံးတဲ့ ပစ္စည်းတွေဟာလည်း Ph 5.5
ဖြစ်သင့်တယ်။ တကယ်လို့ ကိုယ်သုံးတဲ့ ပစ္စည်းတွေက Ph 5.5 ထက်ပိုတဲ့ alkaline
အမျိုးအစားတွေဖြစ်ခဲ့မယ်ဆိုရင် အသားအရေကသူ့ရဲ့ Ph level ကို
လိုက်ညှိုနေရတဲ့အတွက် ကြာလာတဲ့အခါ အသားအရေပျက်စီးဖို့ကို
ပိုပြီးတွန်းအားပေးသလို ဖြစ်နေပါလိမ့်တယ်။ နောက်ထပ်အရေးကြီးတာက
ကိုယ့်အသားအရေဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ သိဖို့လိုအပ်တယ်။
အဆီပြန်တဲ့အသားအရေပိုင်ရှင်လား၊ ခြောက်သွေ့တဲ့ အသားအရည် ပိုင်ရှင်လား
သို့မဟုတ် နှစ်ခုလုံး ပေါင်းစပ်ထာတဲ့ အသားအရည်ပိုင်ရှင်မျိုးလား ဆိုတာကို
စစ်ဆေးတတ်ဖို့လိုပါလိမ့်မယ်။
တစ်လတစ်ကြိမ် ကိုယ့်ရဲ့အသားအရေကို
ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဘယ်လိုအဆင့်လေးတွေ လုပ်သင့်တယ်ဆိုတာကို
အဆင့်အလိုက် ပြောပြပါမယ်။ Artistry ကိုသာ ကြိုက်နှစ်သက်လွန်းတာကြောင့်
Artistry ပစ္စည်းတွေသုံးပြီးတော့ ပြောပြသွားပါမယ်။ Artistry ပစ္စည်းတွေ
အားလုံးဟာ Pure Organic ဖြစ်တာကြောင့် အသားအရေပျက်စီးမှာကို
လုံးဝပူစရာမလိုပါဘူး။ ရွေးချယ်မှုကတော့ လူတစ်ကိုယ်အကြိုက်တမျိုးမို့
လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။
ဘယ်လိုတံဆိပ်မျိုးကို ရွေးချယ်သင့်လဲဆိုရင်
အခုကမ္ဘာမှာ ရောင်းအားအကောင်းဆုံး Prestige Brand တွေကတော့ Artistry,
Lancôme, Estée Lauder, Clinique , Chanel ဆိုပြီးတော့ Euromonitor
ကနေ ဈေးကွက်လေ့လာမှုလုပ်ထားပါတယ်။ Prestige Brand
ဆိုတာဘယ်လိုသတ်မှတ်လဲဆိုရင် ဒီပစ္စည်းတွေထုတ်လုပ်ဖို့အတွက်
ကိုယ်ပိုင်စိုက်ပျိုးရပါမယ်။ ကိုယ်ပိုင် R&D and Scientists
တွေရှိရပါမယ်။ Color, Skin Care အားလုံးအပြည့်အစုံ ထုတ်ရပါမယ်။
ဒီလိုအချက်အလက်တွေနဲ့ပြည့်စုံမှသာ Prestige Brand လို့သတ်မှတ်ပါတယ်။
1. Makeup Remover
မျက်နှာမှာ မိတ်ကပ်တွေလိမ်းထားခဲ့ရင် Makeup
Remover ကိုသုံးဖို့အကြံပြုပါတယ်။ Makeup Remover မသုံးဘဲ Cleanser
ကိုဘဲသုံးရင်ရော မရဘူးလာလို့မေးလာရင်တော့ ရပါတယ်။ ဒါပေမဲ့ Makeup Remover
ကမိတ်ကပ်တွေကိုဖျက်ပေးလိုက်တဲ့အတွက် Cleanser ထဲမှာပါတဲ့ ပစ္စည်းတွေက
မျက်နှာကိုပိုပြီး အထောက်အကူပြုစေပါတယ်။ တကယ်လို့ Makeup
Removerမသုံးခဲ့ရင် Cleanserအနေနဲ့ မိတ်ကပ်တွေကို
ဖျက်ပေးလိုက်တဲ့အလုပ်ကိုသာလုပ်နိုင်တော့တဲ့အတွက်
Cleanserထဲမှာပါတဲ့အသုံးဝင်တဲ့အရာတွေက မျက်နှာထဲကို မရောက်တော့တာကြောင့်ပါ။
Makeup Remover သုံးပြီးနောက် ရေစွတ်ထားတဲ့ဖော့တုန်းလေးနဲ့
အသာလေးသုတ်ပေးလိုက်ပါ။
2. Cleanser (Facial Form)
Makeup Remover သုံးပြီးနောက်မှာ
မျက်နှာကိုသန့်သွားအောင်လုပ်ဖို့အတွက် Cleanserကိုအသုံးပြုပါမယ်။
Cleanserကိုမျက်နှာပေါ်မှာ အစက်လေးတွေချပြီး မျက်နှာကိုမတိုက်ပါနဲ့။
ဆပ်ပြာတွေကို အမြှုတ်ထွက်လာအောင်လုပ်ရင်းနဲ့ ကိုယ့်မျက်နှာအသားအရေကို
လျော့ရဲလာအောင် ပွတ်တိုက်တဲ့အတွက်ကြောင့်ပါ။ Cleanserကိုသုံးဖို့အတွက်
မှန်ကန်တဲ့နည်းလမ်းက လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပြီးရင် Cleanser ကို
လက်ထဲထည့်ပြီး အမြှုတ်များထွက်လာအောင် လက်ထဲမှာပြုလုပ်ပြီးမှသာ
မျက်နှာပေါ်ကိုတင်ရပါမယ်။ မျက်နှာသစ်တဲ့အချိန်မှာ Beauty Finger လို့ခေါ်တဲ့
လက်ခလယ်နဲ့လက်သကြွယ် ၂ချောင်းကိုသာ သုံးပြီး
အပေါ်ကိုပင့်တင်တဲ့စက်ဝိုင်းအတိုင်း သစ်ရပါမယ်။ ဘာကြောင့် Beauty Finger
လို့ ခေါ်ရလဲဆိုတော့ လက်ငါးချောင်းကို ထောက်ကြည့်လိုက်ရင်
လက်ခလယ်နဲ့လက်သကြွယ်က အားအပျော့ဆုံးဖြစ်နေလို့ပါ။ မျက်နှာကိုကိုင်တွယ်ရင်
နုညံ့ညှင်သာစွာ ကိုင်တွယ်ဖို့ကအကြီးကြီးတာကြောင့်ဖြစ်ပါတယ်။
လက်နှစ်ချောင်းနဲ့ ဖြည်းဖြည်းချင်းပွတ်တိုက်ပြီးမှသာ
ရေနှင့်ပြန်ဆေးချလိုက်ပါ။
3. Toner
မျက်နှာသစ်ပြီးသွားပြီဆိုရင် Toner ကိုသုံးကာ
မျက်နှာကိုထပ်ပြီးသန့်စင်ပါမယ်။ အချို့လူတွေက
Tonerသုံးဖို့မလိုအပ်ပါဘူးလို့ ထင်ကြတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ Tonerက
Cleanser သုံးပြီးနောက်ကျန်နေသေးတဲ့ အညစ်အကြေးတွေကို
ထပ်ပြီးသန့်စင်ပေးတာပါ။ အထူးသဖြင့် ချွေးပေါက်ထဲ့မှာ ကျန်နေတဲ့အရာတွေကို
အပြီးသတ်ဖယ်ရှားပေးတာပါ။ ပြီးရင် ကိုယ့်ရဲ့ Ph level
ကိုပြန်ညှိ့ပေးလိုက်တာမို့ လေကြောင့်၊ နေရောင်ကြောင့်၊ စိတ်ဖိစီးမှုကြောင့်
ပျက်ဆီးသွားတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ Toner
ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးတယ်။ ကိုယ့်အသားအရည်က
ရေဓာတ်လိုအပ်နေရင်Essentials Hydrating Toner လိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့
Toner မျိုးကို ရွေးချယ်အသုံးပြုရပါမယ်။ အောက်မှာဖော်ပြထားတဲ့
အဆင့်တွေပြီးတိုင်းမှာ Tonerသုံးသွားဖို့လိုအပ်ပါတယ်။
4. Polishing Scrub
Scrubကိုသုံးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က
ဆဲလ်အသေတွေကို ဖယ်ရှာဖို့အတွက်ပါ။ မျက်နှာမှာရှိတဲ့ ဆဲလ်တွေဟာ
၂၈-ရက်တစ်ကြိမ် သေပြီးအသစ်ပြန်တည်ဆောက်ပါတယ်။ တကယ်လို့ ဆဲလ်အသေတွေကိုသေချာ
မဖယ်ရှာခဲ့ရင် အသားအရည်ကညီညာမှုမရှိဘဲ တစ်ချို့နေရာမှာ ဖြူပြီး
တချို့နေရာမှာညိုတိုတို ဖြစ်နေပါလိမ့်မယ်။ Scrub ကိုသုံးလိုက်ခြင်းဖြင့်
အသားအရည်က ညီညီညာညာနဲ့ မျက်နှာပြင်ချောမွေ့မှုရှိလာပြီး
ပိုမိုကောင်းမွန်လာမှာပါ။ နှာခေါင်းတဝိုက်မှာရှိတဲ့ ဆားဝက်ခြံတွေကို
ဖယ်ရှာဖို့အတွက်ဆိုရင် Scrub က မရှိမဖြစ်ပါ။ Scrub မသုံးခင်မှာ မျက်နှာကို
ရေစိုစိုဖြစ်အောင် ရေအနည်းငယ်စွတ်ပြီး Scrub ကြိုဖည်းဖြည်းညင်သာစွာ
ပွတ်တိုက်ရပါမယ်။ Artistry Essential Polishing Scrub ထဲမှာပါဝင်တဲ့
အစိလေးတွေက Jojoba လို့ခေါ်တဲ့ သဲကန္တာရမှာပေါက်တဲ့
အပင်လေးတွေကနေထုတ်ယူဖော်စပ်ထားလို့ အသားအရေကို ထိခိုက်ပျက်စီးမှာ
စိတ်ပူစရာမလိုအပ်ပါဘူး။
5. Massage Cream
Massage လုပ်တယ်ဆိုတာ
အညောင်းအညာပြေစေဖို့ဖြစ်တယ်။ ဒီလိုဘဲ Facial Massage လုပ်ခြင်းဖြင့်
မျက်နှာပေါ်မှသွေးကြောတွေ ပုံမှန်လည်ပတ်ဖို့၊ အသာအရည် ကြည်လင်ဖို့၊
အသားအရည်ချောမွေ့လာဖို့အတွက်ပဲဖြစ်ပါတယ်။ Switch facial massage နည်းနဲ့
Artistry Creamy Massage ကိုသုံးပြီး Massage လုပ်ပါမယ်။ ထောပတ်သီးနဲ့အတူ
တခြားမျက်နှာအတွက်လိုအပ်တာတွေနဲ့ ထုတ်လုပ်ထားတဲ့အတွက် အသားအရေကို
နုညံ့ချောမွေ့အောင် ပြုလုပ်ပေးတာကြောင့် အကြိုက်ဆုံးပစ္စည်းထဲမှာ
တစ်ခုအပါအဝင်ပါဘဲ။ Massage Cream နဲ့ နှိပ်နယ်ပြီးနောက်မှာ ဂွာဆာလို့ခေါ်တဲ့
အရာလေးနဲ့ ဆွဲပေးလိုက်ရင်
မေးရိုးတစ်လျှောက်မှာမလိုအပ်တဲ့အဆီပိုတွေကိုလျှော့ချကာ မေးရိုး
ထင်ထင်လေးနဲ့ ပိုပြီးလှပလာပါလိမ့်မယ်။ ဂွာဆာနဲ့ပုံမှန်ဆွဲပေခြင်းဖြင့်
အသားအရည်တင်းအောင်လည်း ပြုလုပ်နိုင်ပါတယ်။ ပြီးသွားခဲ့ရင်တော့
တစ်ရူးလေနဲ့အသာအယာပွတ်တိုက်ပြီး ရေဆေးချလိုက်ရင် ချောမွေ့လှပတဲ့အသားအရည်ကို
ရရှိလာမှာပါ။
6. Masque
မျက်နှာပေါင်းတင်ဖို့အတွက်ဆိုရင်
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် Pore Cleansing Masque
သုံးပြီးမျက်နှာပြင်မှ အဆီတွေကို ဖယ်ရှားလိုက်သလို
ချွှေးပေါက်တွေကိုလည်းကျဉ်းသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ခြောက်သွေ့တဲ့
အသားအရေပိုင်ရှင်တွေအတွက် Moisture Intense Masque ကိုအသုံးပြုကာ
မျက်နှာတစ်ပြင်လုံးကိုလိမ်းပြီး ပေါင်းထင်ထားရပါမယ်။
ဆယ်မိနစ်လောက်ကြာပြီးနောက်မှာ မျက်နှာကို ရေခပ်စိုစိုဖြစ်အောင် ပြုလုပ်ပြီး
Masque တွေကို ရေဆေးဖယ်ရှာလိုက်ရင် တင်းရင်းတဲ့အသာရည်နဲ့အတူ
နုညံ့ချောမွေ့မှုကိုပါ ခံစားသိရှိနိုင်ပါတယ်။
7. Eye Cream
အသက်ကြီးလာပြီဆိုတာကို
သိသာလာအောင်ပြတဲ့အရာတွေကတော့ မျက်လုံးအောက်နားက
အရေးအကြောင်းတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ လှနေအောင်ပြင်ထားပါစေ
မျက်လုံးအောက်မှာ အရေးအကြောင်းတွေက အထင်းသာပေါ်နေမယ်ဆိုရင်
အနည်းငယ်အကျည်းတန်နေပါလိမ့်မယ်။ ဒါကြောင် အရေးအကြောင်းတွေ
လျှော့ကျသွားဖို့အတွက် Eye Cream ကမရှိမဖြစ် သုံးရမဲ့အရာတစ်ခုပါဘဲ။
ARTISTRY Time Defence Lifting Eye Crème ကတော့ မျက်လုံးအောက်မှာရှိတဲ့
အရေးအကြောင်းတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးလက်နက်တစ်ခုပါ။
8. Moisturizer
နောက်ဆုံးအဆင့်အနေနဲ့ Moisturizer
လေးလိမ်းပြီး အဆုံးသတ်ဖို့လိုပါပြီ။ တချို့ကအိမ်မှာနေရင်
ဘာမှလိမ့်ဖို့လိုအပ်ဖူးလို့ အထင်မှားကြတယ်။ တကယ်တော့ အနဲ့ဆုံး
Moisturizer လိမ်းထားခြင်းဖြင့် လေထဲမှာပါလာတဲ့ ဘက်တီးယီးယားတွေနဲ့အတူ
ဖုန်မှုန်အညစ်အကြေးတွေကိုပါ ကာကွယ်ပေးထားနိုင်ပါတယ်။ နေ့ခင်းနေ့လည်
အပြင်ထက်တယ်ဆိုရင် SPF ပါတဲ့ Moisturizer လေးတွေကိုသုံးဖို့လိုအပ်ပြီး
ညဖက်တွေမှာတော့ နေရောင်ခြည်မရှိတာကြောင့် SPF မပါတဲ့ Night Cream
လေတွေသုံးဖို့အကြံပြုပါတယ်။
ဒီလောက်ဆိုရင် ကိုယ့်ရဲ့အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်
လစဉ်ပုံမှန်ပြုလုပ်တဲ့နည်းလေးတွေကို သိလောက်ပြီလို့ယူဆပါတယ်။ လစဉ်မဟုတ်ဘဲ
အပတ်တိုင်းလုပ်ချင်တယ်ဆိုရင် အမှတ်စဉ် ၁၊၂၊၃၊၄၊၆၊၈ တွေကိုသုံးပြီး
ပုံမှန်ပြုလုပ်သွားနိုင်ပါတယ်။ ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်
သိချင်ရင် http://artistry.com/ မှာလေ့လာနိုင်သလို ကျွန်မကိုဆက်သွယ်ပြီး အကြံညဏ်တောင်းယူနိုင်ပါတယ်။
လှပတဲ့အသားအရည်ကို ပိုင်ဆိုင်နိုင်ပါစေ။

http://shwebeauty.com မှကူးယူတင်ပြသည်။