အင်းသားတို့ရဲ့ ဟင်းထုပ်
traditional food 9:06 PM
ကဲ မင်္ဂလာပါ စာဖတ်သူတို့ရေ ဒီတစ်ခါ ဟင်းထုပ် စားကြမယ်မဟုတ်လား ၀က်သားနဲ့ပေါင်းထားတဲ့ဟာ
စားချင်လား ရိုးရိုး ကြက်သွန်မြိတ်နဲ့ ပေါင်းထားတဲ့ဟာ စားချင်လား မုန့်ညင်းချဉ် လေးနဲ့ ၊ ဆီချက်လေးနဲ့
ဂျူးပင်လေးပါပါရင် သိပ်ကောင်းမယ့်ဖြစ်ခြင်းဗျာ ပြောရင်းနဲ့သွားရေယိုတယ်ဗျို့ ။ ကျွန်တော်တို့ ရှမ်းပြည်
ဖက်မှာဆိုရင် အင်းသား နှင့် ရှမ်းလူမျိုးများလုပ်တဲ့ ဟင်းထုပ်ဟာဆိုရင်တော်တော်ကောင်းတယ်ဗျ လုပ်ပုံ
လုပ်နည်းက ရိုးရှင်းတယ်ဆိုပေမယ့် အရသာမှာကွာခြားချက်တွေ အများကြီးရှိနေနိုင်လို့ပါ ။ ငရုတ်သီးလေး
ကိုတစ်တောင့်လုံးကိုက် ဂျူးပင်လေးတစ်ဖဲ့ ဆီချက်လေးပုံပြီး တစ်လုပ်လောက်စားလိုက်ရရင် ကောင်းတာ
တွေထက်ပိုကောင်းတယ်နော် အကြိုက်ချင်းတွေတော့ သိပ်မတူကြပါဘူး ဒါကြောင့်ဟင်းထုပ် ကြိုက်တဲ့သူ
များအဖို့ ရွေးချယ်ပြီးတင်ပေးလိုက်ရပါတယ် ဟင်းထုပ်လုပ်နည်းကတော့ ရိုးရှင်းလွယ်ကူတဲ့အတွက်ကြောင့်
မတင်ပေးတော့ပါဘူး ။ ဒီမှာတင်ထားတာဖတ်ပြီးတော့ တစ်ခါတည်း ဟင်းထုပ်စားချင်စိတ် ဖြစ်ပေါ်ပြီးတစ်
ခါတည်း ဟင်းထုပ်ဆိုင်အပြေးလှမ်းလို့ ဟင်းထုပ်သည်များရောင်းကောင်းပါစေ။ စာသုံးသူများလည်း ကိုယ်
စိတ်နှစ်ဖျာကျန်းမာချမ်းသာကြပါစေ.....။