တန်ဆောင်တိုင်ပွဲတော်
festivals 10:22 PM

ဖြင့်ကျွန်တော်တို့ရဲ့တောင်ကြီးမြို့လေးရဲ့နှင်းဖွဲဖွဲတွေကြားမှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့
တန်ဆောင်တိုင်ပွဲတော်ကိုရောက်ရှိတော့မှာဖြစ်ပါတယ် အဲဒီပွဲလေးဟာဆိုရင်မြန်မာမှာသာမက ကမ္ဘာနှင့်တစ်ဝမ်းတောင်စိတ်ဝင်စားခြင်းခံရတဲ့ပွဲလေးဖြစ်ပါတယ် အဲဒါတွေကြောင့်ကျွန်တော်တို့
တောင်ကြီးမြို့လေးရဲ့ပွဲတော်ဖြစ်တဲ့အတွက်လာရောက်ကြည့်ရှုခံစားလှည့်ပါလို့
ကျွန်တော်မောရှမ်းမြေရဲ့တောင်ကြီးသားတို့ မှကြိုဆိုပါတယ်ခင်မျာ.........
။ပွဲတော်လေးအကြောင်း။
တောင်ကြီးမြို့ရဲ့ဆောင်းတွင်းချမ်းချမ်းအတွင်းမှာပျော်ရွှင်ဖွယ်ရာပွဲလေးဖြစ်တဲ့တန်ဆောင်တိုင်ပွဲလေးဟာဖြင့်
ဗုဒ္ဓဘုရားအားပူဇော်ခြင်းဖြစ်ပါသည်။အနယ်နယ်အရပ်ရပ်မှလူများသာမက နိုင်ငံခြားသားများလည်းလာ
ရောက်ကြည့်ရှုအားပေးကြပါတယ်ပွဲတော်ဟာဖြင့်ပျော်ရွှင်ဖွယ်ရာမျိုးစုံနှင့်စည်ကားပြီးညနံရံထက်မှာမီးရှုးမီး
ပန်းများဖြင့်ကောင်ကင်ကိုအလှဆင်ပါတယ် လရိပ်ကစိုစို နှင့်ကောင်းကင်ကကြယ်လေးတွေတောင် အလင်း
ရောင်မွဲတယ်လို့ အဓိပ္ပါယ်နှင့် မီးပုံပျံအဖွဲသားများရဲ့ကဗျာဆန်သောစာသားလေးများနှင့်ပွဲတော်ကွင်းအတွင်း
သို့ဝင်လာသောမီးပုံးပျံများလည်းရှိပါတယ် ပွဲတော်ရက်ဟာဖြင့်..ဆယ်ရက်ရှိပါတယ် နေ့လွှတ်နှင့်ညလွှတ်
ဟုဆိုပြီးတော့ခွဲခြားထားတာရှိပါတယ်နေ့လွှတ်ကတော့အရုပ်မျိုးဆုံကိုသဘာဝနှင့်လိုက်ဖက်အောင်လွှတ်
တင်ခြင်းဖြစ်ပါတယ် ညလွှတ်ကတော့ ညမှာလွှတ်ပြီးတော့ မီးပုံအမျိုးအစားနှစ်မျိုးရှိပါတယ် ပထမတစ်မျိုးက
ညမကြီးဖြစ်ပြီးတော့ ဒုတိယတစ်မျိုးကတော့ စိန်နားပန် ဆိုပြီးတော့နှစ်မျိုးခွဲထားပါတယ်
။ပွဲရက်ဖြစ်တဲ့အဖိတ်
နေ့ကဆိုရင်ဖြင့် မြို့လုံးကျွတ်မဟာဘုံကထိန်လည်းခင်းကျင်းပါသေးတယ် ကထိန်များအားလုံးကဆိုရင်
တောင်ကြီးမြို့ရဲ့ရက်ကွက်အသီးသီးမှ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလှူဒါနပြုလုပ်ထားသောလှူဖွယ်ဝတ္ထုအသီး
သီးကို ပဒေသာပင် တစ်မျိုးအနေနှင့်ဖြစ်စေ အရုပ်ပုံသဏ္ဍန်ဖြစ်စေ အမျိုးမျိုးပြုလုပ်ထားကြပါတယ်။ကျွန်ုတို့
ရိုးရာအရ အိုးစည် များတီး၍ကခုန်ကြပါတယ် ထိုပဒေသာပင်အားလုံးနှင့်လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ကို
တောင်ကြီးမြို့မြို့လယ်လမ်းမမှာ စည်ကားသိုက်မြိုက်စွာကြည့်ရှုနိုင်ပါတယ် ပြီးလျှင်ထိုအရာများအားလုံးကို
မြို့လယ်ဓမ္မာရုံ သို့ကပ်လှူကြခြင်းဖြစ်ပါတယ်။ (ကဲ အဲဒါနဲ့ မီးပုံးပျံက ဝေးသွားပြန်ပြီ ပြန်စလိုက်ရအောင်)
မီးပုံးပျံလွှတ်တင်တဲ့ရက်တွေမှာဆိုရင် နေ့လည်မှာပဲဖြစ်ဖြစ်ညမှာပဲဖြစ်ဖြစ်လူတွေစည်ကားနေတာမြင်ရပါ
လိမ့်မယ် အဖိတ်နေ့(လပြည့်နေ့ရှေ့တစ်ရက်) နှင့် လပြည့်နေ့များမှာဆိုရင် နာမည်ကြီးသောမီးပုံးပျံများ
လွှတ်တင်ကြပါတယ် ထုံးစံလိုလိုဖြစ်နေတာပါ။အချို့နေ့များမှာဆိုရင် ရာသီဥတုအခြေအနေကြောင့်ဆိုင်းငံ့ံ့
ထားရသောမီးပုံးပျံများလည်းရှိတက်ပါတယ် တစ်ချို့အလုံးများမှာ လောင်ကျွမ်းသွားသောမီးပုံပျံများလည်းရှိ
ပါတယ် အမျိုးမျိုးပေါ့ဗျာ တစ်ချို့လည်း လေပေါ်မှာလောင်သွားတဲ့အလုံးတွေလည်းရှိတက်ပါတယ်အဲလိုအခါ
မျိုးမှာဆိုရင် အခြားအရပ်ကလာတဲ့ဧည့်သည်တွေအတွက် နဲနဲလေးတော့ ရင်လေးစရာကောင်းတဲ့အဖြစ်တွေ
ရှိတက်ပါတယ် အဓိကအားဖြင့် မီးရှုးထိ တာမျိုးတွေပေါ့ ဧည့်သည်တွေဆိုတော့ မသိပဲလွှတ်ရင်ပြီးရောဆိုပြီး
တော့ပြေးကြပါတယ်(အဲဒီအခါမှသာထိမှန်ကြတာပါ) တောင်ကြီးသားတွေကပြောပါတယ် မီးရှုးဆိုတာ တဲ့
ပြေးတဲ့သူတွေနောက်ပဲလိုက်ကြတာတဲ့အဲလိုပြောကြပါတယ် ဟဲဟဲ (မပြေးနဲ့နော်..လာလည်မယ်ဆိုရင်)
ဟုတ်ပါတယ် သူတို့ပြောတာတွေကမှန်ပါတယ် ရပ်နေပြီးမှသာ လာတဲ့မီးရှုးများကိုသာရှောင်ပါ လွှတ်ပါလိမ့်
မယ်တဲ့ (တကယ်နော်...အတည်ပြောနေတာ အဲဒါလွှတ်လမ်း) ထားပါ အဲဒါတွေက သတိပေါ်မှာမူတည်ပါ
တယ် ခပ်လှမ်းလှမ်းကကြည့်ကြဖို့ကောင်းပါတယ် နယ်ဝေးသမားတွေဆိုရင်ပေါ့ တစ်ချို့ကျတော့ မီးပုံးပျံကို
အထူးအဆန်းလုပ်ပြီးတော့အနီးကပ်ကြည့်ကြလို့ကျွန်တော်ပြောသလိုအဖြစ်တွေကြုံရတာပါ ကဲထားပါတော့
လပြည့်နေ့မှာဆိုရင်တော့ နောက်ဆုံးနေ့လို့ပြောလို့ရပါတယ်လပြည့်ကျော်တစ်ရက်နေ့ကဆုပေးပွဲကို
ရောက်ပြီလေဒါပေမယ့်လပြည့်ညမှာတော့မီးကြာပန်းလေးများနှင့်အလှဆင်ထားတဲ့မီးပဒေသာလည်းရှိပါ
သေးတယ် အဲဒါလေးကလည်းဘုရားမီးပူဇော်တာတစ်မျိုးပါပဲ မီးပဒေသာလို့ခေါ်တဲ့အဖွဲ့အစည်းလေးတစ်ခု
ပေါ့ ရက်ကွက်များစွာကပဲပြုလုပ်ကြတာပါ တစ်ချို့ ရက်ကွက်ငယ်တွေဆိုလျှင်နှစ်ရက်ကွက်တစ်ခုသုံးရက်
ကွက်တစ်ခုပြုလုပ်ကြပါတယ်ရက်ကွက်ကြီးဆိုလျှင်တော့အပြီးတစ်ခါတည်းပဲတစ်ဖွဲ့လုပ်လိုက်ကြပါတယ်
အဲဒါကလည်းရက်ကွက်ထဲမှ အပျို၊လူပျိုများနှင့်အမျိုးသမီးရေးရာ၊ဓမ္မစင်္ကြာဝတ်ရွှတ်အဖွဲ့၊မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း စသည်လူမှုအဖွဲ့အစည်းများလည်းပါဝင်ပါတယ်။ပုံစံလေးကတော့လူတစ်ယောက်
ကိုမီးကြာခိုင် တစ်ခု(သို့)နှစ်ခု ကိုင်ဆောင်ပြီးတော့တောင်ကြီးမြို့ရဲ့ပွဲတော်ဟောင်းကျင်းပရာနေရာဖြစ်တဲ့
စူဌာမုနိစေတီတော်မြတ်ဆီသို့ခြေလျင်ခရီးဖြင့်သွားရောက်ပူဇော်ခြင်းပါ အချို့မှာလည်း မီးပဒေသာစင် ကြီး
များကိုထမ်းပြီးတော့လည်းသွားကြပါတယ် ထမ်းစင်မှာ စေတီပုံစံနှင့် ဗုဓ္ဒ၀င်ပုံတော်များကိုမီးပုံးလေးများဖြင့်
ပုံဖော်ထားကြပြီးတော့စေတီတော်အထိအရောက်ခရီးဆက်ကြရပါတယ်စေတီတော်ပေါ်သို့ရောက်သောအခါ
တစ်ပတ်ပါတ်ပြီးလျှင်အောက်သို့ပြန်ဆင်းကြပါတယ်။မီးပဒေသာလှည့်ကြသူများမှာ တိုင်းရင်းသားဝတ်စုံ
လေးများဖြင့်ကိုယ်စီအလှနှင့်လျှောက်လှမ်းနေကြတာဟာဆိုရင်ရှုမဆုံးအောင်လှတဲ့ညပန်းချီကားတစ်ချပ်လို
ပါပဲလို့ကျွန်တော်တင်စားပါရစေ။ပြီးတော့တစ်ခြားပွဲလေးရှိပါသေးတယ် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲပါ၊
မသိုးသင်္ကန်းရက်ပြိုင်ပွဲကတော့ ပွဲတွင်းမှာရက်လုပ်ရပြီးလပြည့်နေအပြီးရက်လုပ်ရသောသင်္ကန်းဖြစ်ပါတယ်
လပြည့်နေ့ဆယ့်နှစ်နာရီမကျော်ခင်ဆုရသောသင်္ကန်းများကို ဘုရား၏၀တ်ရုံတော်သင်္ကန်းအဖြစ်ကပ်လှူကြ
ပါတယ်။ကျန်ပါသေးတယ် ပြိုင်ပွဲက ခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ပိုက်ကျော်ခြင်း၊များလည်းပါဝင်ပါသေးတယ်။
က...........ဲလပြည့်နေကကျော်လွန်သွားခဲ့ပါပြီ ဘယ်မီးပုံးပျံကဆုရမလဲဆိုတာကိုတော့ လပြည့်ကျော်တစ်
ရက်နေ့ကိုပဲစောင့်စားကြည့်ရအောင်ဗျာ...။
။မီးပုံးပျံများအကြောင်း။
မီးပုံးပျံမှာကတော့ အထူးအထွေသိပ်မရှိပါဘူး နေ့လွှတ်အရုပ်နဲ့၊ညလွှတ်ဆိုပြီးတော့နှစ်မျိုးခွဲထားတာ
ရှိပါတယ်ပြီးတော့ ညလွှတ်ကိုမှထပ်ခွဲထားတာတွေကတော့ ညမီးကြီးနဲ့၊စိန်နားပန် ဆိုပြီးတော့ထပ်ခွဲထားပါ
သေးတယ် ဆုကြေးငွေခြင်းလည်းမတူညီပါဘူး။ဆက်ရှင်းပြပါ့မယ်မီးပုံးပျံများအကြောင်းကို မီးပုံးပျံစလွှတ်တဲ့
အချိန်ကိုကြည့်မယ်ဆိုရင်မီးပုံးပျံမလွှတ်ခင် ပွဲအတွင်းသို့စနစ်တစ်ကျခေါက်ထားသောမီးပုံးပျံကိုစနစ်တကျ
ဖြန့်ထုပ်ပြီးတော့လွှတ်တင်ရန်အတွက် တ၀ခွေ (မီးစာခွေ) ကို မှိုင်းစော်(မီးခိုးရရန်ထင်းရှုးဆီများဖြင့်စုစည်းပြီး
ပြုလုပ်ထားသောဝါးချောင်း) ကို တ၀ခွေ အတွင်းသို့ သေသေသပ်သပ်မှိုင်းသွင်းရပါတယ် ပြီးတော့မီးပုံးပျံ
အလုံးထောင်လာပြီးမှိုင်းပြည့်ပြီးအချိန်သင့်ခါမှ မီးစာ(ရေနံနှင့်ဖယောင်းတို့သုတ်လိမ်းစိမ်ကာထားသောသံ
ခိုင်ကြီး) ကိုတပ်ဆင်ထားပါတယ်ပြီးတော့မှသာလိုချင်သော အချိန်အစနှင့်ကိုက်ညီမှသာ လွှတ်တင်ခြင်းဖြစ်ပါ
တယ်။ ဟူး............မီးပုံးပျံတစ်လုံးလွှတ်ဖို့ကလည်း မလွယ်ပါလားနော်....တစ်ပြည်သူတစ်ပြည်သားတို့ရေ
......
။ညမီးကြီးကတော့။
မီးရှုးမီးပန်းများတပ်ဆင်ပြီးတော့လွှတ်တင်ရသောမီးအမျိုးအစားဖြစ်ပါတယ်မီးပုံးပျံမှာအရုပ်ပန်ချီကားများ
ဗုဓ္ဒ၀င်စာပန်ချီများ ဘုရားပုံတော်များ နှင့် အခြားသောကနုတ်ပန်းများဖြင့်ဘောင်ကွတ်ထားသောအကွက်
များဖြင့်အလှဆင်ထားပြီး မီးကျည်ခွေ(အောက်ဆွဲ) ကိုတော့ မီးရူးအများအပြား နှင့် ခိုပျံ(အတောင်ပါသော
မီးရှုးတောင့်ငယ်) များအဓိကပါဝင်ပါတယ် အခြားသောအရာများလည်းရှိပါတယ် လောက်တွဲ(မီးပန်းလေးများ
ကျဆင်းရန်ပြုလုပ်ထားသောပြောင်းငယ်) ၊ ဂလိုက်ဒါ ၊ ငရှဉ် (တွန့်လိမ်စွာသွားသောမီးပန်းတစ်မျိုး) နှင့်
ဗုံးကတ် (မီးရှုးငယ်များစွာတပ်ဆင်ထားသောကတ်) နောက်ပြီး အများကြီးကျန်ပါသေးတယ် အကုန်ပြောနေ
ရင်လည်း စာကလိုတာထက်ပိုသွားမှာစိုးလို့ ဒီလောက်ထိပဲဖော်ပြပါရစေ။ အထက်က ပြောထားတဲ့မီးရှုးအမျိုး
အစားများကို အရောင်များနှင့် ပုံဖော်ကြပါသေးတယ် အပြာ၊အနီ၊ငွေမှင်၊အစိမ်း၊အ၀ါ၊ ဆိုပြီးတော့ အမျိုးမျိုး
အရောင်တွေကို ထည့်သွင်းထားပါတယ် အဲဒီလိုအမျိုးပေါင်းများစွာထည့်သွင်းထားတဲ့ အောက်ဆွဲကို
အခါသင့်မှသာချိတ်ပြီးတော့လွှတ်တင်ခြင်းဖြင့် ကောင်းကင်မှာလှပတဲ့ ငွေကြယ်ပွင့်များစွာနဲ့ အရောင်အမျိုး
မျိုးသော ပန်းများပွင့်နေတဲ့အတိုင်းပဲမြင်တွေ့နိုင်မှာဖြစ်ပါတယ်။(အဓိကပြေချင်တာကတော့ ညမီးကြီးတစ်လုံး
လုပ်ဖို့ဆိုရင် ယမ်းများရောစပ်မှု နေရာမှာနေသူတိုင်းအသက်အန္တရယ်ကိုသတိထားပြီးတော့လုပ်ရခြင်းဖြစ်ပါ
တယ် ဗုဒ္ဓဘုရားကိုပူဇော်ဖို့ အသက်ကိုရင်းပြီးတော့လုပ်တယ်လို့လည်းပြောနိုင်ပါတယ်အဲဒါကြောင့်အထင်
သေးစကားများပြောခြင်းဟာ...မီးပုံးပျံအကြောင်းကိုကောင်းကောင်းနားမလည်သူတို့သာဖြစ်သည်ဟုယူ
ဆလိုကြောင်းပါ)
။စိန်နားပန်။
စိန်နားပန်မီးပုံးပျံဆိုတာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ မီးပုံးများနဲ့အလှဆင်ပြီးတော့လွှတ်တင်ရတဲ့မီးပုံးပျံ
အမျိုးအစားဖြစ်ပါတယ်။ညမီးကြီးနဲ့တူတဲ့အချက်ကတော့ မီးပုံးပျံပေါ်မှာပန်းချီများရေးဆွဲပြီးမီးပုံးများနှင့်အ
နားကွပ်ပြီးတော့အလှဆင်ကြပါတယ် ထို့နောက်သူလည်းအောက်ဆွဲပါပါတယ်အချို့အောက်ဆွဲများကတော့
မိမိ၏ဂုဏ်ပုဒ်များကိုဖော်ကျူး ကြပါတယ် အချို့မှာလည်းမိမိဒေသနှင့်ပတ်သက်တဲ့စာကြောင်းများစသည်ဖြင့်
ပေါ့အမျိုးမျိုးပါပဲ အချို့မှာလည်း လေထီးများဖြင့်ကျဆင်းစေပြီးတော့ ကောင်းကင်ကိုအလှဆင်စေပါတယ်
အချို့မှာလည်း ကြာပန်းပုံစံမီးပုံးအောက်ဆွဲ များဖြင့် လည်းကောင်း အလှဆင်ကြပါတယ်။များစွာသောမီးပုံး
များကကောင်းကင်မှာ ရွှေရောင်ပန်းခင်းကြီးပွင့်နေသလိုပဲလှပတယ်ဆိုတာတောင်ကြီးမြို့ကိုလာရောက်သာ
ကြည့်ရှု့စေလိုကြောင်းပါ။ကျွန်တော်အခုတင်ပြထားသောစာကိုဖက်ခြင်းထက် လာရောက်ကာကြည့်ရှု့ခြင်း
ကသင့်ဘ၀အတွက်အတွေ့အကြုံတစ်ခုနှင့်အမှတ်တရဖြစ်စေမှာကို အာမခံရဲပါကြောင်းပြောပါရစေ
ဝေးရပ်မြေမှ အဆွေတော်တို့ ခင်မျာ.......................................................................................
ပွဲတော်လေးလာလည်ရင်းနဲ့ပျော်ရွှင်ဖွယ်ရာများနှင့်ပြည့်စုံပြီးတော့ တစ်ရက်ပြီးတစ်ရက် ကုန်လွန်ခဲ့တာအခု
ဆိုရင် လပြည့်ကျော်တစ်ရက်လေးတောင်ရောက်ခဲ့ရော့ပေါ့ကွယ် တစ်နယ်မြေက လာခဲ့ကြတဲ့ဆွေမျိုးမိတ်သ
ဟာအပေါင်းတို့ရေ...........ပြန်ပေအုံးကွယ်....နောက်တစ်နှစ်ပေါ့။ ဧရာညီနောင်သားတို့ရေ တောင်ပေါ်မြေ
ရဲ့ရိုးသားပွင့်လင်းတဲ့စရိုက်နဲ့ရိုးရာဓလေ့တို့ကိုလေ့လာရင်းနဲ့ပြုံးပျော်ရွှင်ကြပါစေ အခြားသောနယ်သားများ
လည်း တို့ရှမ်းတောင်ပေါ်က ရှမ်းမလေးတို့ရဲ့ဖြူစင်တဲ့စိတ်ထားနဲ့ချစ်စရာကောင်းတဲ့ဖော်ရွေအပြုံးတွေကို
ငေးမောသွားစေမယ်ကွယ်....... အခုတော့ အချိန်သင့်ရောက်ပြီမို့ အိမ်ရောက်အရောက်နှင်ကြပါလေ......
နုတ်ခွန်းဆက်သပါ၏လေ....နောက်နှစ်ပေါ့လေ............................................................................