စူဠာမုနိ လောကချမ်းသာ စေတီတော်မြတ်ကြီး
Knowledge, Travel 1:49 AM
တောင်ကြီးမြို့
သီရိပုညဝဍ္ဎန ကုန်းတော်ပေါ်မှာ တည်ထားတဲ့ စူဠာမုနိ
လောကချမ်းသာ စေတီတော်ကြီး ကျန်စစ်သားမင်းကြီး တည်ထား ကိုးကွယ်ခဲ့တဲ့
ပုဂံခေတ်လက်ရာ အာနန္ဒာဘုရားရဲ့ ပုံစံအတိုင်း၊ ရှေးခေတ် အနုပညာ
လက်ရာများကိုပါ ထည့်သွင်းဆောက်လုပ်ကာ တောင်ကြီးမြို့တည် နှစ်တစ်ရာပြည့်
အထိမ်းအမှတ် အဖြစ်နဲ့လည်း တိုက်ဆိုင်ပြီး တောင်ကြီးမြို့
သီရိပုညဝဍ္ဎန ကုန်းတော်ပေါ်မှာ အများပြည်သူ ကောင်းမှုဖြင့် ၁၉၉၄ခုနှစ်တွင်
စတင် တည်ထား ကိုးကွယ်ခဲ့ပါတယ်။ စေတီတော်ကြီးကို ဖူးမြင်ရတာ ဟာလည်း
ပုဂံအာနန္ဒာဘုရားကို ဖူးမြင်ရသလို စိတ်ထဲ ခံစားမိရပါတယ်။
ကုန်းတော်ပေါ်ရောက်သည်နှင့် ကြည်ညိုစွာ ဖူးတွေ့ရသည့် စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး

စေတီကြီးဟာ အတွင်းမှာ လှိုဏ်ပါတဲ့ အမျိုးအစားဖြစ်တာကြောင့် အတွင်းထဲကို ဝင်ရောက် ဖူးမျှော်နိုင်ပါတယ်။

စေတီအတွင်းထဲတွင်ရှိ အာနန္ဒာဘုရားအတွင်းမှ ပုဂံခေတ်လက်ရာနှင့် ပုံစံတူ ကြေးသွန်းရုပ်ပွားတော်
စူဠာမုနိစေတီတော်ကြီးရဲ့ အရွယ်အစား၊ အတိုင်းအတာများမှာ
ဥာဏ်တော်အမြင့် ၁ဝ၈ပေ
အထွတ်စေတီအမြင့် ၂၀ပေ
ကွန်းတောင်အမြင့် ၂၄ပေ
အာရုံခံတိုက်မအမြင့် ၂၆ပေ
အာရုံခံတိုက်မအကျယ် ၁၁၃ပေ
လှိုဏ်ပတ်လည်းအရှည် တစ်ဖက်လျှင် ၈၈ပေ
လှိုဏ်ပတ်လမ်းအကျယ် ၉ပေ
ဖိနပ်တော်အလျား ၁၁၇ပေ
အထွတ်စေတီ ၁ဆူ
တိုက်မအရံစေတီ ၄ဆူ
ကွန်းတောင်အရံစေတီ ၄ဆူ
မုခ်ဦးစေတီတော် ၈ဆူ စသည်တို့ဖြစ်ပါတယ်။
မုခ်လေးဘက် အတွင်းများတွင် တစ်ဖက်လျှင် တစ်ဆူစီ တည်ထား ကိုးကွယ်တော်မူသော ကြေးသွန်း ရုပ်ပွားတော် လေးဆူ

စေတီအတွင်း လှိုဏ်ပတ်လမ်း
လှိုဏ်ပတ်လမ်း ဘေးတစ်ဖက် တစ်ချက်ရှိ မြတ်စွာဘုရား ဖွားတော်မူခန်း ရုပ်ကြွများ

စေတီတော်အား ထောင့်ဘက်မှ ဖူးမြင်ရသည့် အနေအထား
ကျယ်ဝန်းသည့် ရင်ပြင်တော်
တောင်ကြီးမြို့ကို ရောက်ချိန်ဟာ
ချယ်ရီတွေ ဝေတဲ့ ဖေဖော်ဝါရီလဖြစ်တာကြောင့် ပန်းရောင်အဆင်းနဲ့ ပွင့်ဝေနေတဲ့
ချယ်ရီပင်ကြီးနဲ့အတူ တောင်ကြီးရဲ့ အထိမ်းအမှတ် တောင်ချွန်းကိုမြင်ရတာကလည်း
ကြည်နူးစရာကောင်းလှပါတယ်။
စေတီရဲ့ ရင်ပြင်တစ်ဖက်ကနေ မျှော်ကြည့်ရင် စိန်ပန်းပြာပွင့်တွေကြားကနေ တောင်ကြီးမြို့ကို ခုလိုလည်း တွေ့မြင်နိုင်ပါတယ်။
ချယ်ရီတွေဝေတဲ့ တောင်ကြီးမြို့
ထမ်ဆမ်းဂူကနေ အပြန်
ညနေစောင်းမှာ တောင်ကြီးမြို့ရဲ့
အမြင့်ဆုံးတောင်ပေါ်မှာတည်ထားတဲ့ ရွှေဘုန်းပွင့်စေတီရှိရာ တောင်ထိပ်ပေါ်ကို
သွားခဲ့ကြပါတယ်။ တောင်ကြီး မြို့ဝန်းကျင်တစ်ဝိုက်မှာ
တောင်တွေ ပေါများလှပြီး တောင်တွေဟာလည်း
ထုံးကျောက်တောင်ကြီးတွေဖြစ်တာကို တွေ့ရပါတယ်။
မြင့်မားလှတဲ့ တောင်ချွန်းပေါ်က ရွှေဘုန်းပွင့်စေတီတော်
ရွှေရောင်ဝင်းဝါ သပ္ပါယ်လှသော ရွှေဘုန်းပွင့်စေတီတော်
တောင်ချွန်းပေါ်မှ မြင်ရသည့်တောင်ကြီးမြို့
ကျနေရောင်အောက်တွင် တောင်၏တစ်ဖက်၌ အင်းလေးကန်ကို မှုန်ပျပျ မြင်တွေ့နိုင်သည်။
တောင်ထိပ်ပေါ်မှာ
ရှိနေစဉ်မှာဘဲ နေဝင်သွားပြီဖြစ်လို့ စေတီရင်ပြင်ကနေ တောင်ကြီးဝန်းကျင်
ရှုခင်းတွေကို ငေးမောနေရာကနေ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့ကြပါတယ်။
မွေတော်ကက္ကူနဲ့ ပင်းတယ၊ အင်းလေး
အကြောင်းများကိုတော့ နောက်များမှ ရေးပါဦးမယ်။

မူရင်း (shannews.blogspot.com)