ညောင်ရွှေ စော်ဘွားစောဝ်ရွှေသိုက်




သတိုးမဟာ သရေစည်သူ စော်ဘွားကြီး စ၀်ရွှေသိုက်၏  ဦးကြီးတော် ဆာ စ၀်မောင်  ၁၈၂၁ မှ ၁၈၅၂ ထိ
Â















 


Ãမြန်မာနိုင်ငံ ပထမဦးဆုံး သမ္မတ စပ်ရွှေသိုက် ကို ၁၉၄၈ ဇန္န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ နိုင်ငံတော် အလံကို လွှင့်ထူစဉ် တွေ့မြင်ရပုံ

ယောင်ဟွေ့နယ်ကိုအုပ်စိုးခဲ့သော နောက်ဆုံး မင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထဦးဆုံး သမ္မတ ဖြစ်သူ သတိုးမဟာ သရေစည်သူ စ၀်ရွှေသိုက်ဖြစ်သည်။

ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက်သည် မြန်မာ သက္ကရာဇ် ၁၂၅၇ ခုနှ (ခရစ် ၁၈၉၆ ခုနှစ်) တွင် နတ်ရွာစံ ဖခမည်းတော် ညောင်ရွှေစော်ဘွားကြီး  စ၀်ချုံ မယ်တော် မဟာဒေဝီ နန်းဆာဆေ တို့မ ဖွားမြင်သော သားဖြစ်သည်။

Ãသတိုးမဟာ သရေစည်သူ စော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာဒေ၀ီစ၀် နန်းဟိန်းခမ်း



သတိုးမဟာ သရေစည်သူ စော်ဘွားကြီး စ၀်ရွှေသိုက် ငယ်စဉ်ကပုံ Â


ငယ်စဉ်ကတောင်ကြီးမြို့ရှိသျှမ်းစော်ဘွားများကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ပထမ ကမ္တာစစ် အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ် စစ်တပ်တွင် ၀င်ရောက် အမှုထမ်း ခဲ့သည်။ မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀ ပြည့်နှစ်မှ ၁၉၂၃ ခုနှစ် အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ၌ မြန်မာအရာရှိ တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေစော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။



Ãသတိုးမဟာ သရေစည်သူ စ၀်ရွှေသိုက်၏။ ကြင်ယာတော်ကား သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေကို ဦးဆောင် တည်ထောင်ခဲ့သူ မဟာဒေ၀ီစောဝ် နန်းဟိန်းခမ်း ဖြစ်သည်။



ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းဟိန်းနှင့် လက်ထပ်ခဲ့သည်။ ရွှေစော်ဘွားကြီး၏ ကြင်ယာတော် မဟာဒေ၀ီ စဝ်ဟိန်းခမ်းဟိန်း သည် သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေကို ဦးဆောင်တည်ထောင်ခဲ့သူ သျှမ်းအမျိုးသားတို့၏ တော်လှန်ရေးမိခင်ကြီး စ၀်နန်းဟိန်းခမ်း ပင်ဖြစ်သည်။ ပထမကမ္တာစစ်ကြီး ပြီးသော အခါစဝ်ရွှေသိုက်သည် စစ်မှုထမ်းအဖြစ် အနားယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္တာစစ်ကြီး ဖြစ်ရန် စစ်ရိပ်စစ်ငွေ့များ တက်လာသော အခါစစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။

၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္တာ စစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ် အောင်ဆန်းတိုနှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနှိင်ငံကို တိုင်းပြု ပြည်ပြလွတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြောက်ခြင်း ခံရသည်။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လတ်လပ်ရေး ရသောအခါ ပြည်ထောင်စု တိုင်းရင်းသား ထဲမှ ပထမ ဆုံးသော မြန်မာနှိင်ငံ သမ္မတကြီး အဖြစ် တင်မြောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါလူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။

၁၉၆၀ ပြည့်နှစ် အထိ လူမျိုးစု လွတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား 'အဂ္ဂမဟာ သရေစည်သူဘွဲ့ အပြင် 'အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့' ကိုပါ ချီးမြှင့်တော် မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် အခါ မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက်သည် ပစ်သတ် သတ်ဖြတ်သွားခြင်း ခံခဲ့ရလေသည်။ နှိင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
ထိုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ အသက် ၆၆နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သွားရှာသည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီ စ၀်ဟိန်းခမ်းနှင့် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။
အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ စော်ဘွားကြီးနှင့် မဟာဒေ၀ီကဲ့သို့ သျှမ်းအမျိုးသားရေး တာဝန်များ ကျေးပွန်စွာ ထမ်းဆောင်နိုင် ကြပါစေလို့ ရည်ညွန်း တင်ပြ လိုက်ရပါသည်။

ထုတ်နုတ်-
ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ နှင့်အခြားစာစောင်






Ãညောင်ရွှေ စော်ဘွား၏ ဟော်နန်းပုံ
ညောင်ရွှေမြို့(ယခင်ညောင်ရွှေ စော်ဘွား ဟော်နန်း) သမိုင်းပြတိုက်ကို ဗမာစစ် အစိုးရက ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲ လိုက်ကြောင်း ဒေသခံ သတင်းရပ်ကွက်က ဆိုသည်။
လွန်ခဲ့သော မေလ ၂၀၀၈ ခုနစ်က နန်းတော် တွင်း၌ ခင်းကျင်းပြသ ထားခဲ့သော သျှမ်းစော်ဘွားများ၏ အသုံး အဆောင် လက်ဝတ် တန်ဆာများ ဖြစ်သည့်ဝတ်ရုံများ၊ ယွန်းထည်ပစ္စည်းများ၊ ရှေဟောင်း လက်နက်ကြီးများ နှင့် စော်ဘွားပလ္လင်များ အပါအ၀င် ရှေးဟောင်း ပစ္စည်းများ မရှိတော့ဘဲ ဘုရားဆင်းတုတော်များကိုသာ တွေ့ မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပစ္စည်းတွေဘယ်ရောက်ကုန်လဲတော့မသိဘူး။ အခုအဲဒီမှာ သူတို့ယူလာတဲ့ ဘုရားဆင်းတုတော်တွေဘဲရှိ တယ်” ဟု သူက ဆိုသည်။ “အဲဒီဘုရားတွေ အရင်ကမမြင်ဖူးဘူး၊ ဘယ်ကယူလာတာလဲမသိဘူး” ဟု ဆက်၍ပြောသည်။ ဟော်နန်းအတွင်းရှိ မူလရှေးဟောင်း ပစ္စည်းများကို အာဏာပိုင်တို့ နေပြည်တော်သို့ သယ် ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

မူလသျှမ်းဘာသာ အဓိပ္ပါယ် ယောင်ဟွေ့ (ချိုင့်ဝှမ်းရှိုစပါးကျီ) မှ ညောင်ရွှေဟု ဗမာမှုပြု အသံဖလှယ်လိုက် သော ၎င်းမြို့သည် သျှမ်းစော်ဘွားများ အုပ်ချုပ်သည့် ပြည်နယ်မြို့တော်များအနက် ရှေးအကျဆုံး မြို့တစ်မြို့ ဖြစ်သည်။ ခရစ်နှစ် A.D 1369 ကတည်းက တည်ထောင်ခဲ့သော သျှမ်းစော်ဘွားပြည်နယ်တခု၏ ခေတ် အဆက်ဆက် မိရိုးဖလာအဖိုးတန် ရှေးဟောင်းပစ္စည်း ထားရှိရာ အဆိုပါ ယောင်ဟွေ့ ဟော်နန်းကို မဆလ ခေတ်ကတည်းက သမိုင်းပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။





Ãယောင်ဟွေ့ (ညောင်ရွှေ)စော်ဘွား ပလ္လင်တော်ပုံ












ထုတ်နုတ် - သျှမ်းသံတော်ဆင့်

မောသျှမ်းကိုးပြည်ထောင်တွင် ပါဝင်သော မြို့များမှာ
၁။ မိုးကောင်း = ၉၉မြို့
၂။ မိုးညှင်း = ၃၇မြို့
၃။ သောင်သွတ် = ၂၈မြို့
၎။ မိုးမိတ် = ၄၉မြို့
၅။ သိန္နီ = ၄၉မြို့
၆။ သီပေါ = ၂၉မြို့
၇။ မိုးနဲ = ၃၇မြို့
၈။ ညောင်ရွှေ = ၃၉မြို့
စသည့် သျှမ်းလူမျိုးတို့၏ အထင်ကရ သမိုင်းဝင်မြို့ တစ်မြို့လည်းဖြစ်သော အဖိုးအဖြတ်နိုင်သော သျှမ်းသမိုင်း အမွေအနှစ် ဟော်နန်းအဆောက် အဦးများအား အာဏာရှင် စစ်ခွေးဘီလူး အုပ်စုမှ စနှစ်တကျ လိုက်လန်ဖျက်ဆီး နေပါကြောင်း တင်ပြလိုက်ရပါသည်။



မြန်မာနိုင်ငံ ပထမဦးဆုံး သမ္မတ စပ်ရွှေသိုက်

သတိုးမဟာ သရေစည်သူ စော်ဘွားကြီး ဂူဗိမာန် Â



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်

Posted by နောင်ရိုးစစ် on 5:22 AM. Filed under . You can follow any responses to this entry through the RSS 2.0

dailyvid

FLICKR PHOTO STREAM

2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign