ကိုယ့် အသားရေ နှင့် လိုက်ဖက်သောအရောင်များ
Fashion 1:39 AM

ဆံပင်အရောင်ဆိုး ခါနီးတိုင်း ကိုယ် ဘယ်အရောင်တွေနဲ့ လိုက်မလဲ ? မလိုက်တဲ့ အရောင်ဆိုးမိရင် ပိုက်ဆံလည်းကုန် လူလည်း စိတ်ဆင်းရဲရနဲ့ စိတ်ပျက်ဖို့တော်တော် ကောင်းပါတယ်။
လက်ဝတ်လက်စားဝတ်ရင် ဘယ်အရောင်တွေနဲ့ လိုက်ဖက်မလဲ ? ကိုယ် ၀တ်နေကျ သိပြီးသားကထား ၊ မ၀တ်ဖူးသေးတဲ့ အရောင်ထဲမှာ ကိုယ်နဲ့ လိုက်တာကို သတိမထားမိတာများ ရှိလေမလား။
အ၀တ်အစား ၀ယ်ရင် ဘယ်အရောင်တွေနဲ့ အလိုက်ဖက်ဆုံးလဲ ? ကိုယ်နဲ့ လိုက်တဲ့ အရောင် များများကို မသိချင်ဘူးလား။

မိတ်ကပ်အောက်ခံဝယ်ရင် ဘယ်အရောင်နဲ့ အလိုက်ဖက်ဆုံးလဲ ? စမ်းတုန်းကတော့ လိုက်သလိုလိုမို့ ၀ယ်လိုက်မိတယ်။ သုံးတော့မှ မျက်နှာအရောင် မှိုင်းသွားသလိုလို မိန်သွားသလိုလို ဖြစ်ရင်လည်း ပိုက်ဆံကုန် လူပင်ပန်းတယ်နော်။
မျက်လုံး ခြယ်ရင် ဘာအရောင်နဲ့ ပိုလှမလဲ ပိုလိုက်မလဲ ? သူများခြယ်တဲ့ အရောင်လေးတွေလှတိုင်း ကိုယ်လည်း လိုက်ခြယ်လို့ မဖြစ်ပေဘူး။ ကိုယ့်အောက်ခံအသားရောင်နဲ့ လိုက်တဲ့ အရောင်ခြယ်မှ ပိုလှမှာ နော်။
ကဲ ဒီတော့ ဒီမေးခွန်းလေးတွေ အားလုံး ရဲ့ အဖြေကို ရဖို့ ပထမဆုံး သင့်အောက်ခံ အသားရောင် က အအေးရောင်လား အပူရောင်လား ဆိုတာကို သင်က အရင် အဖြေပေးရပါလိမ့်မယ်။
နည်းတွေအများကြီးထဲက အလွယ်ဆုံး လို့ ယူဆရတဲ့ နှစ်နည်းကို ဖော်ပြလိုက်ပါတယ်။
ပထမနည်း
- သင်၏ လက်ဖျံ လက်ကောက်ဝတ်အရင်းမှာ ပေါ်နေတဲ့ သွေးကြောကို ကြည့်ပါ။ သွေးကြော အပြာရောင်ဆိုရင် သင့်အသားအရေက အအေးရောင် (Cool Skin ) ဖြစ်ပါတယ်။
- သင်၏ လက်ကောက်ဝတ်မှာ ပေါ်နေတဲ့ သွေးကြောက အစိမ်းရောင် ဆိုရင် သင့်အသားအရေက အပူရောင် (Warm Skin ) ဖြစ်ပါတယ်တဲ့။
- သင်က ငွေရောင် လက်ဝတ်လက်စားတွေ နဲ့ ပို လိုက်ဖက်တယ်ဆိုရင်လည်း သင့်အသားအရေက အအေးရောင် ပါ။
- သင်က ရွှေရောင် လက်ဝတ်လက်စားတွေနဲ့ မှ ပိုလိုက်တယ် လို့ ခံစားရရင်တော့ သင့်အသားအရေက အပူရောင်ထဲမှာပါပါတယ်။
်

၁)ဆံပင်ရောင်
For Cool Skin Type
* Platinum
* Ash-blonde
* Cream
* Sandy
* Coffee
* Jet black
* Fawn
* Mid-level blondes
* Flat browns
* Wine
* Mahogany
* Burgundy
For Warm Skin Type
* Gold
* Honey
* Caramel
* Copper
* Red
* Mahogany
* Strawberry blonde
* Chocolate
* Ginger
* Orange based reds
* Dark browns
* Rust
၂)မိတ်ကပ်ရောင်
အအေးရောင် ( Cool Skin ) သမားတွေက ပန်းရောင် အခြေခံထားတဲ့ မိတ်ကပ်အရောင်တွေထဲက ရွေးခြယ်သင့်ပါတယ်။
အပူရောင် (Warm Skin) သမားတွေက အ၀ါရောင် အခြေခံထားတဲ့ မိတ်ကပ် အရောင်တွေထဲကပဲ ရွေးခြယ်သင့်ပါတယ်။
၃)ရတနာ၊ အ၀တ်အစား၊ မျက်လုံးအရောင်ခြယ် အရောင်
အအေးရောင်သမား နဲ့ အပူရောင်သမားတို့ နဲ့ လိုက်ဖက်တဲ့ ရတနာ၊ အ၀တ်အစား၊ eye shadow အရောင်တွေကို အောက်မှာဖော်ပြထားပါတယ်။

ကဲ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်တွေထဲက စိတ်တိုင်းကျရွေးချယ်ပြီး ဆင်မြန်းနိုင်ကြပါစေနော်။ ။