Shopaholic’s ရဲ့ 2012 အတွက် အကြံပြုချက် ဆယ်ချက်
Fashion, Knowledge 1:35 AM
Shopping ချစ်သူများ ရဲ့ ချစ်သူ Shopaholic က 2011 အတွက် အချက် ၁၀ ချက်ကို Shopping ချစ်သူများကို အကြံပြု ထားပါတယ်။
၁၀) ဈေးဝယ်ထွက်ရင် အားပြန်ဖြည့်ဖို့ သတိရပါ။ အားအင်ကုန်ခမ်းတဲ့ အထိ အဝယ်မထွက်ပါနဲ့ ။ သင့်အလှအပနဲ့  ကျန်းမာရေးအတွက်လဲ အချိန်ပေးပါ။
၉)
Eco-Friendly ဖြစ်တဲ့ ပြန်သုံးနိုင်တဲ့ အိပ်တွေ ယူသွားဖို့  သတိရပါ။
ကြွပ်ကြွပ်အိပ် သိပ်မသုံးပဲ ပတ်ဝန်းကျင်ကို အတူ ထိန်းသိမ်းကြစို့ နော်။
၈)
ဈေးဝယ်က ပြန်ရောက်တာနဲ့  ချလံ Voucher တွေကို ရှင်းတဲ့ အကြင့်ကို မွေးပါ။
သိမ်းဆည်းရမယ့် Warranty Claim တွေကိုသိမ်းခြင်းဖြင့် အချိန်ကုန်သက်သာ၊
Payment Slip တွေကို စစ်ခြင်းဖြင့် သင့်ကုန်ကြစရိတ်ကိုလည်း အလွယ်တကူ
သတိပြုမိနိုင်ပါတယ်။
၇) အရေအတွက်ထက် အရည်သွေးကို ဦးစားပေး ဝယ်ပါ။
၆)
သင့် ဘီရိုကို မကြာခဏ ရှင်းပေးပါ။ သင်ဝတ်ဖို့  မေ့နေတဲ့ အဝတ်ကောင်း
များကို ပြန်တွေ့ နိုင် သလို သင့် Favorite အဝတ်တွေအတွက်လည်း
နေရာပိုရနိုင်တာပေါ့။
၅) ဈေးဝယ်ထွက်တိုင်း Limit ထားပါ။

၎) သင်အမှန်ဝယ်ရန် လိုအပ်နေသော အရာတွေအတွက် Plan ချထားပါ။ ဈေးချထားတာတွေ့  ရင် တွေးမနေပဲ ဝယ်သာဝယ်လိုက်ပါ XD ဘာ့ကြောင့်လည်းဆိုတော့ လိုချင်တာတွေဟာ ဝယ်ချင်ရင် ရှာရခက်လွန်းပြီး မရှာတဲ့အခါ တွေ့ နေရတတ်လွန်းလို့ ပါ။
၃) မဝယ်ခင်သေချာစမ်းစစ်ပြီးမှ ဝယ်ပါ။ ပြန်လဲရ၊ ပြန်ပေးရရင် အချိန်လည်းကုန်၊ စိတ်လည်းညစ်ရ၊ ငွေကုန်ကြေးကျ လည်း ရှိနိုင်ပါတယ်။
၂)
ဈေးဝယ်မထွက်ခင် ဘာတွေသွားပြီး ဘာတွေဝယ်မယ်ဆိုတာ Plan ထားပါ။ အဲတာဆို
အချိန်ကုန်လည်းသက်သာတော့ ကိုယ့် Partner ရဲ့ ငြိုငြင်တာ
လည်းမခံရတော့ဘူးပေါ့

၁) Dress for Success ဆိုတဲ့ အတိုင်း ဈေးဝယ်ထွက်ရင် လှလှပပ ဝတ်စားသွားနော်။ ဈေးရောင်းတဲ့သူတွေက လူရွေးပြီးမှ Serve လုပ်တတ်တာ မမေ့နဲ့ နော်။ အထူးသဖြင့် Jewellery တို့ ၊ Watch တို့  အဝယ်ထွက်ရင်ပေါ့။