နန်းကြီးသုတ် တစ်ပွဲနှင့် လွိုင်လင်မြို့ ပြီးတော့ ကျွန်တော်

စားချင်စရာပဲနော့် စာဖတ်သူတို့ရေ ဒီတစ်ခေါက်ကတော့ နန်းကြီးသုတ်ရယ်ပါ ပန်ကန်ထဲမှာတော့နည်းနေ
တယ်ဗျာ နန်းကြီးသုတ်နဲ့ပတ်သတ်ပြီးတော့ ကျွန်တော် တစ်ခုသွားသတိရတယ်ဗျာ ခရီးထွက်တုန်းကပေါ့
ရှမ်းပြည်နယ်ဖက်မှာပါပဲ လင်းခေးမြို့ ကိုသွားတုန်းက မှတ်မှတ်ရရဗျာ တောင်ကြီးကနေထွက်တော့ဟိုပုံးမြို့
ကိုရောက်တယ်ပြီးတော့ မိုင်မွန် စသဖြင့်ပေါ့ အဲ့လိုနဲ့လွိုင်လင်ကိုရောက်တယ်ဗျ အဲ့မြို့ကိုရောက်တော့ ဘာ
ရယ်မဟုတ်ပါဘူး နေ့လည်စာ ဗိုက်ဆာတာနဲ့ဆိုင်တစ်ဆိုင်ကိုဝင်ထိုင်ပြီးစားလိုက်မိတာ ဆိုင်ကတော့သန့်
သန့်ရှင်းရှင်းလေးပါပဲ အဲ့မှာ သူငယ်ချင်းက ရှမ်းသုတ် ကျွန်တော်က နန်းကြီးသုတ်စားမယ်ဆိုပြီး မှာလိုက်
တယ် စာပွဲထိုးကောင်လေးတစ်ယောက်က လာချပေးတယ် ခုလိုပဲ နည်းနည်းလေး ကျွန်တော်လည်းတွေး
တာပေါ့ ဟင် ဒီတစ်ပွဲ ငါဝပါ့မလားဆိုပြီးတော့ တွေးမိတယ် မ၀လည်း ထပ်မှာမယ်ဆိုပြီး ပထမတစ်လုပ်ကို
တူနဲ့ညှပ်ပြီးတော့ ၀ါးလိုက်တာ အရမ်းကောင်းတယ်ဗျာ...အရသာက စိတ်ထဲမှာထပ်ပြီးတွေးလိုက်ပါတယ်
နည်းပေမယ့် တန်ပါတယ်လို့ဆိုပြီးတွေးလိုက်တယ် ဘာလို့လည်းဆိုတော့ ကျွန်တော်က ကောင်းကောင်း
စားရရင် နည်းနေပါစေ နှစ်သက်တဲ့လူမျိုးလေ ။ နောက်တော့ ကျွန်တော် မေးကြည့်လိုက်ပါတယ် အဲ့ဒီိဆိုင်
က နန်းကြီးသုတ်က တော်တော်ကောင်းပါလားလို့ မေးကြည့်လိုက်တော့ ဆိုင်နာမည်ပါပြောပြတယ်ဗျာ
အဲ့ဆိုင်နာမည်ကိုမေ့သွားလို့ လွိုင်လင်မြို့ကပဲ အသုတ်တွေရောင်းတဲ့နေရာမှာ နာမည်ကြီးပဲတဲ့ ခုထိဆိုင်
နာမည်ကို မေးနေတုန်း လွိုင်လင်သားလွိုင်လင်သူတွေနဲ့တွေ့ ရင်ပေါ့ .......... ဈေးတန်းထောင့်က ဆိုင်ပါ
ပဲ....နာမည်လေးသိရင်ပြောကြပါအုံး ....အဲ့ဆိုင်လေးကို နောက်တစ်ခါသွားဖြစ်ရင် ထပ်ပြီးထိုင်ရအောင်လို့
ပေါ့ဗျာ............။

Posted by နောင်ရိုးစစ် on 8:47 PM. Filed under . You can follow any responses to this entry through the RSS 2.0

dailyvid

FLICKR PHOTO STREAM

2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign