ရှမ်းခေါက်ဆွဲ စားကြရအောင်
traditional food 8:22 PM
ကိုကောင်းပါတယ် တောင်ကြီးသားတွေ တော်တော်များများကတော့ မနက်စာဟင်းမချက်ဘူးဆိုရင် ဘာကို
စားလည်းဆိုရင် ရှမ်းခေါက်ဆွဲ ၊ တိုဟူးနွေး ၊ တိုဟူးသုတ်စသည်တို့ကို သုံးဆောင်ကြပါတယ် ခုဟာကတော့
အားလုံးမြင်တဲ့အတိုင်းပါပဲ ရှမ်းသုတ်ပေါ့ဗျာ ။ တစ်ခါတည်းပဲ ရှမ်းခေါက်ဆွဲသုတ်ထဲမှာ ဘာတွေပါဝင်လို့စား
ကောင်းနေလည်းဆိုတာကို တစ်ခါတည်းပဲ မှတ်မိသလောက်ပြောပြမယ်ဗျာ ရှမ်းပြည်နယ်ဖက်က လူတွေက
တော့တော်တော်များများ လုပ်တက်ပါတယ် တစ်ခြားနယ်ဖက်ကလူတွေ လုပ်စားချင်ရင် လုပ်စားနိုင်အောင်
လို့ပါ ကဲစပြီဗျာ အောက်ပါအတိုင်းပဲပေါ့
( ၁ ) ရှမ်းခေါက်ဆွဲ
( ၂ ) ကြက်သွန်ဆီချက် နှင့် ငရုပ်သီးဆီချက်
( ၃ )မြေပဲဆန်မှုန့် (မကျေအောင်ထောင်းထားသောအမှုန့်)
( ၄ ) ကြာညို့
( ၅ ) အချိုရည်
( ၆ ) ကြက်သွန်မြိတ် ၊ နနံပင်
( ၇ ) ပဲမှုန့်အနည်းငယ်
( ၈ ) ဆီ ၊ ဆား ၊ ဟင်းချိုမှုန့်
( ၉ ) မိမိနှစ်သက်သော အသားနှင့် တွဲဖက်စားသုံးနိုင်ပါကြောင်း
ကဲ ကောင်းကောင်းလေးစားပြီး နှစ်လိုဖွယ်ဘ၀များပိုင်ဆိုင်နိုင်ပြီး အမောလေးများလည်းပြေပါစေ..........
နောင်ရိုးစစ် (မောရှမ်းမြေ)
