အခြေခံ eyeliner (၄)မျိုး

၁)
null
အပေါ်မျက်ခမ်းရယ် အောက် မျက်ခမ်းတစ်ဝက်ပြေပြေလေး ဆွဲတဲ့နည်းပါ။ မျက်လုံးကျဉ်းတဲ့လူတွေ အတွက် အရမ်း သင့်တော်တဲ့ eyeliner ပုံစံဖြစ်ပါတယ်။ ဒီလိုဆွဲရင် မျက်လုံး ပိုပွင့်လာပါတယ် ပိုကျယ်လာပါတယ်။
မျက်လုံးကျယ်တဲ့ လူတွေလည်း ဒီလိုဆွဲထားကြရင်ကြည့်ကောင်းပါတယ် ၀ိုင်းဝိုင်းလေးဖြစ်သွားပါတယ်။
၂)
null
ဒီလိုမျိုး အပေါ် မျက်ခမ်းလေးပဲ လိမ်းရင်ကျတော့ ပင်ကိုသဘာဝ မျက်လုံးတောက်တောက် လေးလို ဖြစ်သွားပြီး မည်သည့် မျက်လုံး အမျိုးအစားနှင့်မဆို လိုက်ဖက်ပါတယ်။
၃)
null
ဒီလို မျက်လုံး ပတ်လည် အပေါ်မျက်ခမ်းရော အောက်မျက်ခမ်းရောလိမ်း ခြင်းဟာ မျက်လုံးကျယ်တဲ့လူတွေအတွက် မျက်လုံးကျဉ်းသွားသလို ဖြစ်တဲ့အပြင် ခပ်မိုက်မိုက်လေးလည်း ဖြစ်သွားပါတယ်တဲ့ ။ အဖြူရောင် eyeliner သို့ eyeshadow လေးကို မျက်ရည်ခံနားမှာ ထည့်လိုက်ရင် ပိုလှသွားမှာပါ။
၎)
null
ဒီလိုမျိုး မျက်လုံးထောင့်မှာ မျက်တောင်လေးလို ရှည်ရှည်လေးကော့ ဆွဲတာကတော့ ခုနောက်ပိုင်းခေတ်စားလာတဲ့ အီဂျစ်မင်းသမီးတွေလိုပြင်နည်းဖြစ်ပါတယ်တဲ့ ။ မည်သည့် မျက်လုံးအမျိုးအစားနှင့် မဆို လိုက်ဖက်ပါတယ်။
eyeliner က ပါးပါးလေး ဆွဲလေ သဘာဝကျကျလှ လေ ပါ။ မျက်လုံးကျဉ်းတဲ့လူကတော့ အနည်းငယ်ထူဖို့လိုအပ်ပါတယ်။
eyeliner ကို ပါးပါးလေးနဲ့ တစ်ချက်တည်းဆွဲနိုင်ဖို့က ဆွဲနေကျမဟုတ်ရင် တော်တော်ခက်ပါတယ် လေ့ကျင့်ယူဖို့ လိုပါတယ်။ စိတ်ရှည်ဖို့ က အဓိကကျပါတယ်။
အခုမှစဆွဲတဲ့သူတွေအတွက် အလွယ်ဆုံးနည်းကတော့ ဆွဲတတ်သလိုဆွဲပြီးမှ Q tip လေးနဲ့ အစွန်းထွက်တွေကို ပြန်ဖျက် ပြန်ညှိပြီး ပါးပါးလေးကျန်ခဲ့အောင် ဆွဲကြည့် လေ့ကျင့်ကြည့်ပါ။
eyeliner အရောင် အမျိုးမျိုးထဲက ကြိုက်တဲ့ အရောင်ကိုရွေး (အမည်းရောင်ကတော့ အကောင်းဆုံးပါ)
ကိုယ် ဆွဲတတ်မယ့် အမျိုး အစား ကို ရွေး ( Pencil type က ပို လွယ်ပြီး Gel type ကြာကြာခံပါတယ် Liquid Eyeliner type ကလည်း ဆွဲရတာ လွယ်ပြီးလှပါတယ်။ )
ကိုယ့်မျက်လုံး ပုံစံနဲ့ လိုက်ဖက်တဲ့ ဆွဲနည်းနဲ့ဆွဲကြည့်ကြရအောင်။ ။







http://shwebeauty.com မှကူးယူတင်ပြသည်။ 

Posted by နောင်ရိုးစစ် on 5:49 AM. Filed under . You can follow any responses to this entry through the RSS 2.0

dailyvid

FLICKR PHOTO STREAM

2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign