EPO (Evening Promise Oil)

ငယ်ငယ်တုံးက ကိုယ်ကအသားကညို ညို..လှချင်တာကလည်း ကိုယ်အပြင် နှစ်ယောက်မရှိ။ skin care တွေ လုပ်လွန်းလို့  ဘု၊မှဲ့  ကင်းတဲ့ အသားအရေရပေမဲ့ အသားက ညိုနေဆဲ။ မျက်နှာက ကြည့်မဆိုးသော် လည်း ညိုတိုတို အသားရေကြောင့် သိပ်ပေါ်ပေါ်လွင်လွင်မရှိလှ။ ဘယ်ဘဝ က ဝဋ်ကြွေးမှန်းမသိ.. လစဉ်လတိုင်း အမျိုးသမီးတိုင်း၏ သဘာဝကိုလည်း ကိုယ်ကသာ ပိုလို့  ခံစားနေရသည်။ အဲဒီအချိန်ဆို ကျောင်းလည်းမသွားနိုင်၊ အလုပ်လည်း မသွားနိုင်။
ကျောင်းက သူငယ်ချင်း တယောက်က အကြံပေးသည်။ ‘EPO’ သောက်ကြည့်ပါလားတဲ့။ EPO ဆိုတာ ဘာမှန်း မသိတော့ Google ကြည့်လိုက်သည်။ ညနေဘက်ပွင့်တဲ့ Evening Primrose Seeds က ထုတ်ထားတဲ့ အဆီ၊ မိန်းကလေး ရောဂါများအတွက်ကောင်း သည်၊ နာကျင်မှုများ ပျောက်ကင်းနိုင်သည် လို့  တော့ရေးထား၏၊
ဆေးစသောက်တဲ့ လထဲက နာတာကတော့ သိသိသာသာ သက်သာသွား၏။ ကိုယ်လည်းဘာရယ် မဟုတ်၊ တနေ့  တလုံးနဲ့  ဆေးဘူးကုန်အောင် ဆက်သောက်လိုက်သည်။ သုံးလ လောက်နေတော့ ကိုယ့်အသားအရေက သိသိသာသာ ဝင်းပြီး ဖြူလာသည်။ အသိဆရာဝန်တရောက် ကို မေးကြည့် တော့လည်း ရောဂါ ကင်း သူတွေအတွက် ဘေးထွက်ဆိုးကြိုး သိပ်မရှိတာမို့ အမျိုးသမီးတိုင်း သောက်သုံးနိုင် ပါတယ်တဲ့။ အသားအရေကို ဝင်းပစေနိုင်သလို ရာသီလာခြင်းကြောင့် ဖြစ်တဲ့ ရင်သားနာခြင်း၊ ဗိုက်အောင့်ခြင်းတွေ ကိုလည်း ပျောက်ကင်းနိုင်စေပါတယ်လို့  ညွှန်လိုက်ပါတယ်။ ရောဂါရှိလို့  ဆေးသောက်နေရတဲ့သူတွေအနေ နဲ့  ကတော့ ဆရာဝန်များနဲ့  တိုင်ပင်ပြီး သောက်သုံးကြဖို့  အကြံပြုရင်း.. .

http://shwebeauty.com တဖန်ကူးယူတင်ပြသည်။

Posted by နောင်ရိုးစစ် on 5:58 AM. Filed under . You can follow any responses to this entry through the RSS 2.0

dailyvid

FLICKR PHOTO STREAM

2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign