မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး ဥပဒေကြမ်း သမ္မတ အိုဘားမား လက်မှတ်ရေးထိုး
Posted by နောင်ရိုးစစ် News 3:01 AM
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး
ဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
အဆိုပါဥပဒေကြမ်းကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြီးခဲ့သည့်လက အတည်ပြုခဲ့ပြီး ယခုကဲ့သို့ သမ္မတ
အိုဘားမားက လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့်
မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံကို ငွေချေးထားသည့် အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့်
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့က မြန်မာနိုင်ငံကို ချေးငွေအမေရိကန်ဒေါ်လာသန်း ၉၀၀ အထိ
ထပ်မံထုတ်ချေးပေးသွားရန် စဉ်းစားနေသည်ဟုလည်း ဂျပန်နိုင်ငံ၏ နေ့စဉ်ထုတ် စီးပွားရေးသတင်းစာ Nikkei က
ဖော်ပြထားသည်။
ငွေကြေး ချေးငှားမှု ပြန်လည် မစတင်မီ မြန်မာနိုင်ငံအနေဖြင့် အဆိုပါဘဏ်များအပေါ် တင်ရှိနေသည့် ကြွေးကျန်များကို ပြန်ဆပ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ဆို့ထားခြင်းကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း
အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က
နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ပြီးမကြာမီ ယခုကဲ့သို့ သမ္မတ အိုဘားမား၏ ဥပဒေကြမ်း
လက်မှတ်ရေးထိုးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုးရနှင့် အတိုက်အခံ
နှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှု
ဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
''အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့
ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး
အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။
ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို
ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးေ နာက် ၀ါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများအတွက် ချီးမြင့်သည့်အနေဖြင့်
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများ ကို
တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။
အိုဘားမားက လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့်
မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံကို ငွေချေးထားသည့် အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့က မြန်မာနိုင်ငံကို ချေးငွေအမေရိကန်ဒေါ်လာသန်း ၉၀၀ အထိ
ထပ်မံထုတ်ချေးပေးသွားရန် စဉ်းစားနေသည်ဟုလည်း ဂျပန်နိုင်ငံ၏ နေ့စဉ်ထုတ် စီးပွားရေးသတင်းစာ Nikkei က
ဖော်ပြထားသည်။
ငွေကြေး ချေးငှားမှု ပြန်လည် မစတင်မီ မြန်မာနိုင်ငံအနေဖြင့် အဆိုပါဘဏ်များအပေါ် တင်ရှိနေသည့် ကြွေးကျန်များကို ပြန်ဆပ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ဆို့ထားခြင်းကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း
အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က
နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ပြီးမကြာမီ ယခုကဲ့သို့ သမ္မတ အိုဘားမား၏ ဥပဒေကြမ်း
လက်မှတ်ရေးထိုးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုးရနှင့် အတိုက်အခံ
နှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှု
ဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
''အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့
ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး
အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။
ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို
ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးေ
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေ
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများ