ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ ဗဟိုဘဏ်နှင့် ဘဏ္ဍာအခွန်ဝန်ကြီးဌာနက လုံးဝတာဝန်ယူဟုဆို

ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ ဗဟိုဘဏ်နှင့် ဘဏ္ဍာအခွန်ဝန်ကြီးဌာနက လုံးဝတာဝန်ယူဟုဆို

ရန်ကုန်၊ အောက်တိုဘာ- ၆

ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်သော အခြေအနေအရပ်ရပ် ကိစ္စများအားလုံးကို ဗဟိုဘဏ်နှင့် ဘဏ္ဍာခွန်ဝန်ကြီးဌာနက လုံးဝတာဝန်ယူကြောင်း ဗဟိုဘဏ်ဒုတိယညွှန်ကြားရေးမှူးချုပ် ရန်ကုန်ဘဏ်ခွဲမှ ဦးဝင်းသော်ကပြောကြားသည်။

"ဘဏ်တစ်ခုကို စဖွင့်ကတည်းက စစ်ဆေးတယ်။ ခိုင်မာမှု၊ ငွေဖြူဖြစ်မှု ဒါတွေကို စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုတာ"ဟု အထက်ပါပုဂ္ဂိုလ်က ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံဘဏ်များအသင်းရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပုဂ္ဂလိကဘဏ် ဖွင့်စဉ်ကတည်းက နေ့စဉ်လုပ်ငန်းစဉ် အခြေအနေအားလုံးကို စနစ်တကျ ဗဟိုဘဏ်သို့ ပို့ပေးရကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

"ကောလာဟလဆိုတာ မယုံကြည်ဖို့။ အခု ကောလာဟလထွက်တဲ့ ဘဏ်က ကုန်သည်စက်မှုအသင်းရဲ့ နာယကလည်းဖြစ်တယ်။ ကောလာဟလကို အချိန်နဲ့တပြေးညီ ဖြေရှင်းရင် လျင်မြန်စွာပြီးသွားနိုင်တယ်"ဟု UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကဆိုသည်။

ထို့အပြင် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကလည်း ၂၀၀၃ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်များ ပြိုလဲမှု နောက်ပိုင်းမှစ၍ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို force backing ပေးထားကြောင်း ပြောကြားသည်။

"စည်းမျဉ်းစည်းကမ်း တင်းကြပ်လွန်းလို့ မရှူသာမရှိုက်သာဖြစ်တယ်"ဟု ဦးသန်းလွင်ကဆိုသည်။

ကမ္ဘောဇဘဏ်သည် လက်ရှိ ရင်းနှီးမြှုပ်နှံမှု Capital စုစုပေါင်းမှာ ကျပ်ငွေ ဘီလီယံ ၁၀၀ ၀န်းကျင်ရှိကြောင်း မတည်ငွေအခိုင်အမာရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယခုရက်ပိုင်းတွင် ကမ္ဘောဇဘဏ်တွင် ငွေထုတ်များပြီး ကောလာဟလသတင်းများကြောင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်သည်။ ဘဏ်များအသင်း၊ ဘဏ္ဍာခွန်ဝန်ကြီးဌာန၊ အစိုးရတို့က နောက်တွင်ရှိနေပါကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်အေးက ဆိုသည်။

Picture by Jmaungmaung Amarapura

Posted by နောင်ရိုးစစ် on 3:06 AM. Filed under . You can follow any responses to this entry through the RSS 2.0

dailyvid

FLICKR PHOTO STREAM

2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign