မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း
Knowledge, Literature Section 2:59 AM
မိုင်းပွန်
စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏
သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်၊ စော်ဘွားကြီး
ဖွားမြင်ချိန် ဟင်းဖိုင်း သျှမ်းအခေါ် မီးဖွား အိမ်အောက်သို့ ကျားတကောင်
ဝင်လေသည် သောကြာနေ့ ညဥ့် -၃ ချက်တီးကျော်ချိန် အဓိပတိဖွား စ၀်သာထွန်း
မည်၏နောင်မှ မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းဟူ၍ ထက်ရှားလာကာ
ပြည်ထောင်စု ခေတ်ဦးကာလ၀ယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကျဆုံးခဲ့သော
သျှမ်းအမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တော့သည်။
၅-နှစ်သားအရွယ်တွင်
တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူပြီး
တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ
ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။ မန္တလေး ပုလိပ် အတတ်သင် ကျောင်းလည်း
တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈
ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။
မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ပြီး ဗန်မော်မြို့တွင်
အလုပ်သင်ဝန်ထောက်အဖြစ် ခေတ္တဆောင်ရွက် သည်၊ ထိုမှတဖန် တောင်ကြီးမြို့
ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်သည်၊ ၁၉၂၀-၀ါဆိုလဆန်း ၁၁-ရက်နေ့တွင်
အခမ်းအနား ဖြင့်စော်ဘွား ရာထူးဆက်ခံရသည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင်
လေတော့သည်၊ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏
မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းနှင့် ဇနီး မဟာဒေ၀ီ စ၀်ခင်သောင်း တို့မိသားစု Â
သမီး စပ်ခင်သောင်း
(စ၀်ခွန်ချို၏နှမ)နှင့် လက်ထပ်မင်္ဂလါပြု၍ သားသမီး ၄ ယောက်ထွန်းကားလေသည်၊
စော်ဘွားကြီး၏ဇနီး မဟာဒေ၀ီ စ၀်ခင်သောင်းသည် ဂျပန်အပြေးတွင် မိုင်းတပ်တွင်
ကွယ်လွန်ခဲ့သည်။ စော်ဘွားကြီးသည် စာဖတ် ၀ါသနာပါသည့်အပြင် ဂီတကိုလည်း
နှစ်သက် ၀ါသနာ ပါသည် အလျှောက်အတန်ပင် လိုက်စားခဲ့၍ အကော်ဒီယံခေါ်
လက်ဆွဲဘာဂျာနှင့် ၀ါးပတ္တလားကို ကျွမ်းကျင်စွာ သီးခပ်နိုင်သည်၊
နှစ်သစ်သင်္ကြန်ရက်များတွင် ဟွေတောက်ရွာသို့သွားရောက်
သိုင်းပညာလေ့ကျင့်လေ့ရှိသည်။ အရက်သေစာ၊ ကွမ်း၊ ဆေးလိပ်များကို
လုံးဝရှောင်ကျင်သည်။ ဂျပန်ခေတ် သျှမ်းရွာသားများအား
ဂျပန်များဈေးဝယ်ခိုင်းရာတွင် ဂျပန်များမိမိဘာသာဝယ်ရန်
ရွာသားများဝယ်ရန်မလိုဟု ရဲဝန့်စွားပြောဆိုဝန့်သူ၊ ကိုယ်ပိုင်စာကြည့်တိုက်
ထားပြီးစာဖတ်သည်၊ သျှမ်းစာပေကို မိမိစာရေးကြီးများထံ ထပ်မံသင်ကြားပြန်သည်
ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန်
ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး
ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ
မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ကျမ္မာရေးကို အထူးဂရုစိုက်၍ နေ့စဉ်
နံနက်စောစောထပြီး လမ်းလေ့ရှိသည်။ စောဘွားကြီးသည် စစ်မဖြစ်မီက
ကမ္ဘားသဲကျောက်များဖြင့် လူနာ (၆၀)ဆန့်ခေတ်မှီ ဆးရုံးကြီးကို
ကိုယ်တိုင်ကြပ်မတ် အစဆုံးတည်ဆောက်ခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်၍
တန်းဆောင်မုန်း၊ တပေါင်းပွဲတော်ကြီးများ၌ ကိုယ်တိုင်ချက်ပြုပ်
ကပ်လူလေ့ရှိသည်၊ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့
ပြန်ဝင် လာသော် ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို
ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်
သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက်
လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ်
ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော
ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး
ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်
ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်
ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ
ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။
à စော်ဘွားကြီး စ၀်စံထွန်း နောက်ဆုံးနေသွားသည့် ရွှေတောင်ကြားလမ်း အိမ်အမှတ် -၃၁
à သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့ တောင်ဘက်ကုန်းတွင် တွေ့
မြင်ရသော မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၏ အာဇာနည် ပြဿဒ် ဗိမာန်
အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ စော်ဘွားကြီးကဲ့သို့ သျှမ်းအမျိုးသားရေး တာဝန်များ ကျေးပွန်စွာ ထမ်းဆောင် နိုင်ကြပါစေလို့ ရည်ညွန်းတင်ပြ လိုက်ရပါသည်။
ထုတ်နုတ် - ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ နှင့် ရန်ကုန် သျှမ်းစာပေ မြင့်တင်ရေး
ပင်လုံနဲ့ပတ်သက်လို့ သျှမ်းအမျိုးသားတို့ အမြဲအမှတ်ရစေသော သီးချင်း
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်
