ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်းတစ်ထောင်ကျော် ထုတ်လာသူတစ်ဦး တိုက်ခိုက်ခံရသည့်ကိစ္စ
Posted by နောင်ရိုးစစ်
News
2:37 AM
လှိုင်သာယာမြို့နယ် ရဲစခန်းတွင် ချွန်သောလက်နက်ဖြင့် ပြတ်ရှဒဏ်ရာရစေကာ
ပြင်းထန်စွာ ဒဏ်ရာရစေသောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ ဖြင့်
အမှုဖွင့်ထားကြောင်း လှိုင်သာယာရဲစခန်းမှ သတင်းရရှိသည်။
ယင်းမှုခင်းမှာ အောက်တိုဘာ ၅ ရက် (မွန်းလွဲပိုင်း)က လှိုင်သာယာမြို့နယ်အတွင်း
ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဘဏ်မှ ငွေထုတ်ယူပြီး ပြန်လာသည့် TT International
အအေးခန်းစက်ရုံမှ တာဝန်ရှိသူအား ၄င်း၏ကားနောက်မှ
ကားတစ်စီးဖြင့်နောက်ယောင်ခံ လိုက်လာသူအချို့က ပန်းလှိုင်ဆေးရုံအနီးတွင်
စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းနှင့်အတူ ပါလာသည့်ငွေများ တိုက်ခိုက်သူများထံ ပါမသွားခဲ့ကြောင်း တရားလိုမိသားစုနှင့် နီးစပ်သူများက ပြောကြားသည်။

Posted by နောင်ရိုးစစ်
on 2:37 AM.
Filed under
News
.
You can follow any responses to this entry through the
RSS 2.0