သမ္မတဦးသိန်းစိန် တောင်ကိုရီးယားသို့ သုံးရက်ကြာသွားရောက်မည်

ရန်ကုန်၊ အောက်တိုဘာ- ၆

မကြာသေးမီက အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၇ ရက်တွင် ကိုးရီးယားသမ္မတနိုင်ငံသို့ သုံးရက်ကြာအလည်အပတ် သွား ရောက်မည်ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

သမ္မတခရီးစဉ်တွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်သော ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ပို့ဆောင်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးများလိုက်ပါ သွားကြမည်ဖြစ်ပြီး
အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

Posted by နောင်ရိုးစစ် on 2:51 AM. Filed under . You can follow any responses to this entry through the RSS 2.0

dailyvid

FLICKR PHOTO STREAM

2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign