ပါးနီ (Blush) ချယ်နည်း
Fashion 1:24 AM
ဒါက ပါးနီခြယ်နည်းလေးပါ။ မျက်နှာအလှကို ပြီးပြည့်စုံသွားဖို့
ကိုယ့်မျက်နှာကျအလှကို ပြုပြင်ပြောင်းလဲ ပေါ်လွင်စေဖို့
မိတ်ကပ်အောက်ခံလိမ်းပြီး ပေါင်ဒါ လိမ်းပြီး ရင် blush ကို
လိမ်းလို့ရပါပြီ။
၁)
ဘဲဥပုံကျတဲ့ မျက်နှာကျ ပါးနီလိမ်းရင် Nike တံဆိပ် အမှတ်ခြစ်တံလေးလို နားထင်မှာ ဆုံးသွားတဲ့ပုံ ဆွဲရပါတယ်..Oval ပုံကိုကြည့်ပါ..မျက်နှာလေး ဖောင်းပြီး ထူးခြားသွားတာကို တွေ့ရမှာပါ။
၂)
မျက်နှာဝိုင်းတဲ့ မျက်နှာကျက တော့ ၄၅ဒီဂရီ စောင်းပြီး ပါးရိုး တောက်လျှောက် ဆွဲရပါတယ်တဲ့..Round ပုံကိုကြည့်ပါ…မျက်နှာဝိုင်းတာကို ပြေသွားပြီး မျက်နှာကျ ပိုပြေပြစ်သွားပါတယ်။
၃)
မျက်နှာလေးထောင့်ကျ သမားတွေကတော့ ပါးနီ အ၀ိုင်း သေးသေးလေးကိုပဲ ပါးထိပ်လေး မှာ တင်လိုက်ရင် လှသွားပါတယ် .. Square ပုံကိုကြည့်ပါ..
၎)
မျက်နှာရှည်တဲ့ သူကျတော့ ပါးနီလိမ်းတဲ့ brush ရဲ့ ကန့်လန့် ရေပြင်ညီအတိုင်း ကျယ်ကျယ်လေး ဆွဲရပါတယ်တဲ့ .. Long ပုံကိုကြည့်ပါ…ရေပြင်ညီ ကျယ်ကျယ်လေး ချယ်လိုက်တဲ့ ဆွဲချက်ဟာ မျက်နှာရဲ့ အရှည်ကို မျှသွားအောင် ညှိပေးသွားပါတယ်။
ပါးနီလို့ မြန်မာလို ခေါ်ပေမယ့် ပါးနီ အရောင်အမျိုးမျိုးရှိပါတယ်
ကိုယ်အသားရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ရွေးပြီး
ကိုယ့်မျက်နှာကျ ပုံစံအတိုင်း လိမ်းချယ်ကြည့်ကြပါစို့။
shwebeauty.com မှကူးယူတင်ပြသည်

- ပန်းရောင်၊
- လိမ္မော်ရောင်၊
- အညိုရောင် စသဖြင့် အနုအရင့်အမျိုးမျိုးကို
- Gel type,
- Powder type၊
- Cream type စသဖြင့် ပုံစံမျိုးစုံထွက်ပါတယ်။