မြန်မာအသင်းနှင့် ဘရူနိုင်းအသင်း နည်းပြများ၏ ပွဲပြီး ပြောစကား
Posted by နောင်ရိုးစစ်
Sport News
2:26 AM
ဒီနေ့ပွဲအတွက် အချိန်ယူ ပြင်ခဲ့ပါတယ်။ကစားသမားတွေရဲ့ ကြိုးစားမှု အတွက်လဲ
ဂုဏ်ယူပါတယ်။ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေလဲ မှန်ခဲ့တယ်။ မြန်မာအသင်း
ကံကောင်းခဲ့ပြီး ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး ပြောရမှာဘဲ။ မြန်မာအသင်း
နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာအသင်းကို သေချာ
လေ့လာ ခဲ့ပြီးမှ ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။ကျန်တဲ့ ပွဲတွေကိုတော့
အကောင်းဆုံးဖြစ်အောင် ကစားသွားပါမယ်။မြန်မာအသင်း မှာ အားနည်းတာက
နောက်တန်းပါ။ ဒီ အားနည်းချက်ကို ကျွန်တော်တို့ ကောင်းကောင်း အသုံးမချ
နိုင်ခဲ့ပါဘူး။ဘရူနိုင်းမှာ ကျန်ခဲ့တဲ့ သူတွေကို အကောင်းဆုံး ဖြစ်အောင်
လုပ်ပေးမယ်လို့ ကတိခံ ခဲ့တဲ့အတွက် နောက်ပွဲတွေ နိုင်အောင် ကစားရတော့မှာပါ။
(ဘရူနိုင်း နည်းပြချုပ် ကွမ်အိုဆန်)
..................................................................................
ပထမ ပွဲတိုင်းမှာတော့ အသင်းတိုင်း အခက်အခဲ ရှိကြမှာပါ။ဒီနေ့ ပွဲ အတွက်တော့
ကျေနပ် ပါတယ်။သူတို့အသင်း ခေါင်းတိုက်ဘောတွေမှာ ၉၀ ရာခိုင်နှုန်းသာ
ပါတယ်။အစားထိုးစရာ လူမရှိတဲ့အတွက် ပွဲပြီးခါမှမှ လူစားလဲ ရတာပါ
။တီမောအသင်းကို ကြည့်ပြီး နောက်ပွဲတွေ အတွက် ပြင်ရတော့မှာပါ။
(မြန်မာနည်းပြ ပတ်ဆောင်ဟွာ)

Posted by နောင်ရိုးစစ်
on 2:26 AM.
Filed under
Sport News
.
You can follow any responses to this entry through the
RSS 2.0