မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားတွင် အသံတိတ် ရုပ်ရှင်ကားကိုပါ အခမဲ့ ထည့်သွင်းပြသ သွားမည်
Artistic, News 3:01 AM
လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့
မြန်မာ့ရုပ်ရှင်နေ့မှာ အသံတိတ် ရုပ်ရှင်ကားဖြစ်တဲ့ မြဂနိုင် ဇာတ်ကား
ကိုလည်း အခမဲ့ ထည့်သွင်း
ပြသသွားဖို့ ဆောင်ရွက် လျက်ရှိ တယ်လို့ သိရပါတယ်။ အဆိုပါ ပြသမှုကိုတော့ ၀င်္ကပါ လမ်းရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံးမှာ ပြသသွား မှာဖြစ်ပြီး အဆိုပါ ဇာတ်ကားရဲ့ နောက်ခံ စကားပြော အနေနဲ့ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ အကယ်ဒမီ အောင်ခိုင်တို့က ဆောင်ရွက် ပေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ဆောင်ရွက်မှု တွေအပြင် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားရဲ့ နံနက်ပိုင်း မှာတော့ မြန်မာ့ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိ သူများက သက်ကြီး ရုပ်ရှင် ပညာရှင်များကို ပူဇော်ပွဲ အခမ်းအနား များပါ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ရုပ်ရှင် လောကမှ ထူးချွန် ထင်ရှားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင် များကိုလည်း ဂုဏ်ပြုမှုများ ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနား ကျင်းပခဲ့ တာဟာ ၉၂ ကြိမ် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားကို ကျင်းပရခြင်း ကတော့ ၁၉၂၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က Royal Cinema ဒီပဲရစ်ရုံမှာ ပထမဆုံး ပြသခဲ့တဲ့ မေတ္တာနဲ့ သူရာ ဇာတ်ကားကို ရုံတင်ပြသ ခဲ့တာဖြစ်ပြီး အဆိုပါ ဇာတ်ကား ပြသတဲ့ နေ့မှာ ပြည်သူများ တခဲနက် အားပေး ခဲ့တာကြောင့် အဲဒီနေ့ကို အစွဲပြုပြီး နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်ကို မြန်မာ့ ရုပ်ရှင်နေ့လို့ သတ်မှတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express