အပျိုဖော်ဝင် မိန်းကလေးများသို့
Literature Section 2:19 AM
အခုကျွန်တော်ရေးမယ့် အကြောင်းကတော့
ခေါင်းစဉ်အတိုင်းပါပဲဗျာမိန်းကလေးတွေအပျိုဖြစ်လာပြီဆိုရင်
ဆိုတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ ဖြစ်ပါတယ်
အခုတော်တောာ်များများတွေ့ကြုံနေကြရတဲ့အဖြစ်မျိုး တွေပေါ့ဗျာ ဒီပို့စ်
လေးကအကျိုးရှိအောင်ရည်ရွယ်ပြီးတော့ ရေးသားထားတာပါဗျ.....
ကဲအခုကျွန်တော်တို့ ပတ်ဝန်းကျင်မှာဗျာ...ကြည့်လိုက်တာနဲ့
ကောင်လေးငယ်ငယ်နဲ့ ကောင်မလေးငယ်ငယ် တွေပဲများတယ်ဗျတွေ့မြင်နေကြလေ
ကောင်လေးတွေလူပျိုဖြစ်လာပြီဆိုရင်ထိန်းရသိမ်းရတာအဆင်ပြေပြီး
တော့လွယ်ကူပေမယ့်
အပျိုဖြစ်တော့မယ့်မိန်းကလေးတစ်ယောက်ကိုထိန်းရသိမ်းရတဲ့အဖြစ်ကမလွယ်လှပါ
ဘူးဗျာ အဲဒါကို မိဘတွေဖြစ်တဲ့သူတွေကသာပိုနားလည်နိုင်မှာဖြစ်ပါတယ်
(အခုစပြောချင်တာက အပျိုစဖြစ် လာတဲ့မိန်းကလေးတိုင်းဟာအသက်အပိုင်းခြားနဲ့
ဆိုင်တယ်လို့တော့ကျွန်တော်သိပ်မမြင်မိဘူးဗျ...ဘာဖြစ်
လို့လည်းဆိုတော့(သူတို့ရဲ့စိတ်ပိုင်းဖြတ်မှုစိတ်နေစိတ်ထားပြုမူနေထိုင်ပုံတို့နဲ့ပတ်သက်ပြီးတော့ဖြစ်လာတယ်
နောက်ပြီးတော့ သူတို့ရဲ့သွေးသားပေါ့ဗျာ)
အပျိုစဖြစ်တော့မယ့်မိန်းကလေးတစ်ယောက်ဟာဆိုရင် ဟုန်မုန်း
ဓါတ်များတိုးပွားလာပြီးတော့ မိန်းကလေးများဖြစ်လေ့ဖြစ်ထရှိသော
အခြေအနေမျိုးကို ဖြစ်လာပါတယ် အဲဒါ
ကိုသူတို့ကိုယ်သူတို့သိပြီးတော့ရှက်တက်လာကြပါတယ်အဲလိုကနေစပြီးသူတို့ကိုယ်သူတို့
အပျိုဖြစ်လာပြီဆို တဲ့အသိကိုသိကြတယ်နောက်ပြီး
အပျိုဖော်စ၀င်တဲ့မိန်းကလေးတွေတော်တော်များများဟာအချစ်အကြောင်း
တွေကိုစဉ်းစားချင်ကြပါပြီလက်တည့်စမ်းချင်တာမျိုးပေါ့ မိန်းကလေးတွေဟာ
ဆန့်ကျင်ဖက်လိင်များအပေါ် အထင်ကြီးတက်ကြပါတယ်အဲဒါကပထမအဖြစ်ဆုံးသောအချက်ပါပဲ
ဒုတိယအချက်ကတော့မိမိကိုယ်ကိုယ်
အထင်ကြီးတာပါပဲလှအောင်ပြင်မယ်လှအောင်ဝတ်မယ်လှအောင်နေမယ်
ပြီးတော့သူတို့ကိုယ်သူတို့ ယုံ ကြည်မှုရှိလာကြတက်ပါတယ်
အပျိုဖော်ဝင်လာမယ့်မိန်းကလေးတစ်ယောက်ဆင်ခြင်ရမယ့်အကြောင်းက
တော့ပထမအချက်ဖြစ်တဲ့ ဆန့်ကျင်ဖက်လိင် (ယောကျာင်္း)
တွေကိုအထင်ကြီးတက်တာပါပဲအထင်ကြီးမှုက
နေအခြေအနေမြင့်တက်လာနိုင်ပြီးတော့(ယောကျာင်္း)လေးတွေရဲ့
သိမ်းသွင်းမှုကိုခံရတက်ပါတယ်အဲဒီနောက်
မှာတော့မဖြစ်သင့်တာတွေမဖြစ်လာနိုင်တဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။
နောက်ပြီးတော့ သတိထားရ မယ့်အချက်ကတော့မိမိကိုယ်ကိုယ်အထင်ကြီးတာပဲ
.....လောကမှာဗျာ.. လူတိုင်းက ကိုယ့်ကိုယ်ကိုအထင်
ကြီးကြတဲ့သူတွေချည်းပါပဲဘယ်သူမဆိုပါအနည်းနဲ့အများပဲကွာမှာပါကျွန်တော်လည်းကျွန်တော့်ကိုကျွန်တော်
အထင်ကြီးတာပါပဲ အင်းအဲလိုပါပဲ
မိန်းကလေးတွေမိမိကိုယ်ကိုယ်အထင်ကြီးတဲ့နေရာမှာချိန်ဆတက်ဖို့လို
တယ်ဆိုတာပါပဲ(လှချင်တာလှချင်တာပါပဲသွားချင်တာသွားချင်တာပါပဲ)ဒါပေမယ့်အချိန်နဲ့နေရာကိုလိုက်ပြီး
တော့မိမိအထင်ကြီးမှုတွေကိုထိန်းချူပ်ပြီးလုပ်ဆောင်သင့်တယ်လို့
ပြောချင်တာပါပဲဗျာ နို့မို မဖြစ်သင့်တာ
တွေဖြစ်ပြီးတော့ဒုက္ခရောက်သွားတဲ့အမျိုးကောင်းသမီးလေးတွေများပါတယ်
အပျိုဖြစ်လာမယ့်မိန်းကလေး
တွေဆိုတာအရာရာကိုစိတ်ထဲရှိတဲ့အတိုင်းတော်တော်များများလုပ်တက်ကြပါတယ်
အဲဒီလိုအဖြစ်မျိုးကြောင့် လည်းဒုက္ခနဲ့လှလှတွေ့တာပါပဲဗျာ...
အဲဒီကိစ္စကိုပင်တိုင်ဖြေရှင်းရမယ့်သူကတော့မိဘတွေပဲဖြစ်ပါတယ် သို့ပေမယ့်လည်း
အဓိကအကျဆုံးသောအချက်ဖြစ်သည်က (အပျိုစင်ဘ၀၏တန်ဖိုးကိုအပျိုဖော်ဝင်လာမည့်
မိန်းကလေးများအသိသင့်ဆုံးလို့ထင်ပါတယ်) အဲဒီအချက်ကိုကျွန်တော် ဥပမာ
တစ်ခုနဲ့ ပေးချင်ပါတယ် အဲဒါလည်းကျွန်တော်လက်တွေ့မို့ပါဗျာ...(အိမ်နားက
အသက်18 ကျော်ကျော်ကောင်မလေးတစ်ယောက်က ဗျာကျွန်တော်ကိုလာမေးတယ်ဗျ.
မိန်းကလေးတွေအကြောင်းကိုတော်တော်များများနားလည်တဲ့အစ်ကိုကြီး
တဲ့သူကကျွန်တော့်ကိုအရင်နောက်ပြီးမေးပါတယ်
ကျွန်တော်လည်းဒေါသထွက်သွားတာပေါ့ဗျာ သူပြောတာ
ကလည်းရှေ့မလွတ်နောက်မလွတ်ပြောတာကိုး....အင်းပေါ့လေ..
ကျွန်တော်ကစိတ်ထိန်းပြီးတော့ဘာလည်း လို့ပဲပြန်ဖြေခဲ့ပါတယ်
နောက်ပြီးတော့သူကပြောတယ် မေးစရာလေးတစ်ခုရှိလို့ပါတဲ့အဲလိုပြောလာတော့
ကျွန်တော်ကလည်း အင်းပေါ့
ဟုတ်ပြီမေးလို့ရပါတယ်လို့သိသလောက်တော့ဖြေပေးနိုင်ပါတယ်လို့ ပြန်ပြော
လိုက်တယ်ဗျာ အဲဒါဆိုတဲ့အပျိုတစ်ယောက်ရဲ့
ဘ၀မှာဘာတွေလုပ်သင့်သလဲလို့မေးတယ်ဗျာနောက်ပြီးတော့
ဘာတွေသိသင့်သလဲဆိုတာကိုမေးတယ်
ကျွန်တော်သူမေးတာတဲ့ပထမတစ်ချက်ကိုပြန်ဖြေပေးလိုက်ပါတယ်
အဲဒါကသူတို့လည်းနားလည်ပြီးသားမို့ အင်းအင်းပဲပြီးခဲ့ပါတယ်
ဒုတိယအချက်ကိုသိချင်တယ်တဲ့ဖြေပေးပါ တဲ့အဲလိုထပ်ပြောတော့
အပျိုစင်တစ်ယောက်သိသင့်တာကအပျိုစင်ရဲ့ဘ၀တန်ဖိုးကိုသိဖို့လိုအပ်တယ်လို့ကျွန်တော်တစ်ခွန်းတည်းပဲ
ဖြေခဲ့ပါတယ်
အဲလိုဖြေတော့သူကသိပ်နားမလည်လို့နဲကတူပါတယ်ကျွန်တော့်ကိုထပ်မေးတယ်ဗျာအဲဒီတော့
ကျွန်တော်ကဆက်ဖြေပြခဲ့ပါတယ် ဥပမာပေးပြီးတော့ပေါ့ဗျာ..
ကျွန်တော်ဖြေခဲ့တာဒီလိုဗျ (အပျိုစင်ဘ၀ရဲ့
တန်ဖိုးဆိုတာကရွှေပေးလို့လည်းမရဘူးငွေပေးလို့လည်းမရဘူးထပ်ပြီးထပ်ပြီးပြောရရင်ကုန်မှာတောင်
မဟုတ်ဘူးကွာ..... အေးဒါနဲ့ အရင်ဆုံးပတ်ဝန်းကျင်ကိုပဲကြည့်ကြည့်လိုက်ပါ
စတိုးဆိုင်တစ်ဆိုင်ကလူလို လို့ခေါ်တယ်ထားပါအုံး.....အရင်ဆုံးသူတို့လိုချင်တာ
အပျိုဖြစ်ရမည်ဆိုတဲ့အချက်ကိုအရင်ဦးစားပေးရေးထား တာတွေ့ရလိမ့်မယ်
နောက်ပြီးမှ လုပ်သက်တွေဘာတွေနဲ့
ခွဲခြားတာအပျိုဖြစ်မှသာလွတ်လွတ်လပ်လပ်သူတို့
အလုပ်မှာနှောင့်နှေးစရာတွေအတော်အသင့်မရှိမှာပေါ့မဟုတ်ဘူးလား.... အေးအဲဒါက
အခုမြင်လွယ်တာနဲ့ နှိုင်းပြောလိုက်တာနော်.... ကျန်တာတွေအများကြီးရှိသေးတယ်..
အဲလောက်ဆိုမင်းအပျိုစင်တစ်ယောက် ရဲ့တန်ဖိုးဆိုတာကို မင်းနားလည်လောက်ပါပြီ )
အဲလိုဖြေခဲ့လိုက်တော့ ကောင်မလေးကတော်တော်သဘော ကျသွားတယ်ထင်တယ်ဗျ.. သိလား
... ခေါင်းတစ်ညိမ့်ညိမ့်နဲ့ ဟုတ်တယ်နော်တဲ့... အဲလိုပြောပြီးတော့
ပြန်သွားတယ် ......သူနားလည်သွားလောက်ပြီလေ.....
မိဘတွေဘယ်လိုလုပ်သင့်တယ်ဆိုတာကို ကျွန်တော်ထပ်ရေးပါ့မယ်....
(မိဘတွေပြုမှုဆောင်ရွက်သင့်သောအချက်များ)
၁။အပျိုအရွယ်ရောက်လာသောသားသမီးများကိုအလွန်အကျွံထိန်းသိမ်းမှုများမပြုမိစေပါနှင့်
၂။သူတို့၏အလိုကို လိုက်သင့်လင်လိုက် ရပါ့မယ်
၃။မိဘ၏အချစ်ကိုအခါသင့်မှသာပြသရပါမယ်
၎။သားသမီးတို့၏အချစ်ကိုလည်းရအောင်ယူရပါမယ်
၅။နေမှုထိုင်မှုတို့ကိုအစဉ်သင့်လျှင်သင့်သလိုဆိုဆုံးမရပါမယ်
၆။အပျိုဘ၀၏တန်ဖိုးကိုလည်းသိတက်စေအောင်သွန်သင်ရပါမယ်
၇။အမိနှင့်ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်အောင်လုပ်ဆောင်ရပါမယ်
၈။ညဖက်အချိန်မတော်သွားလာမှုတို့ကိုလည်းတက်နိုင်သလောက်ပိတ်ပင်ရပါမည်။
၉။ယောကျာင်္းလေးများနှင့်သူငယ်ချင်းအပေါင်းသင်းများရှိခဲ့ပါက
ထိန်းထိန်းသိမ်းသိမ်းနေသင့်ကြောင်းပြော ဆိုရပါမည်
၁၀။မိဘနှင့်နွေးနွေးထွေးထွေးရှိသင့်သောအချိန်များပေးရန်
၁၁။ဖခင်၏ဆုံးမမှုပြေပြစ်စေရမည်
၁၂။ဖခင်၏သွန်သင်မှုကိုလည်းနာခံတက်စေအောင်သွန်သင်ရမည်။
ကဲကျွန်တော်ဒီဘလော့လေးရေးတာ အပျိုဖော်စ၀င်တဲ့မိန်းကလေးတွေရဲ့ စိတ်
(ကဲ...မာတီဝင်က အပျိုကလေးတွေကော မိဘများကောပဲဗျာ
ဒီဘလော့လေးကိုဖက်ရှုပြီးတော့ လိုက်နာသင့် တာတွေကိုလိုက်နာစေချင်ပါကြောင်း
အပျိုစင်မိန်းကလေးများလည်း... ဒီစာလေးဖက်ပြီးတော့ဗဟုသုတနှင့်
လက်တွေ့အသုံးချလိုက်နာတက်ပါစေလို့
ကျွန်တော်ဆုတောင်းပါတယ်ဗျာ.....ငြိမ်းချမ်းပျော်ရွင်သောဘ၀မှာ
အပူအပင်ကင်းကြပါစေလို့ထပ်မံဆုတောင်းလိုက်ပါတယ်ဗျာ
......................................................)
ဒီစာလေးကိုဖက်ပြီးတော့အမှားပါခဲ့ရင်လည်းခွင့်လွတ်ကြပါလို့
ကျွန်တော်တောင်းပန်ချင်ပါတယ် ဘာဖြစ်လို့ လည်းဆိုတော့ ဒီစာဟာမည်သူ့ ကိုမှ
ရည်ရွယ်၍ရေးခြင်းမျိုးမဟုတ်သောကြောင့်ပါ...........................)
